Connect with us

Politics, Law & Military

မြန်မာနိုင်ငံ အနေဖြင့် နှစ် ၂၀ အတွင်း စင်ကာပူ နိုင်ငံအား ကျော်နိုင်ရန် ကဏ္ဍရပ်တိုင်းတွင် ပြည်သူ ပြည်သား များ ပါဝင်ရမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား


စင်ကာပူ ၊ ဒီဇင်ဘာ ၂ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံ အနေဖြင့် နှစ် ၂၀ အတွင်း စင်ကာပူ နိုင်ငံအား ကျော်နိုင်ရန် ကဏ္ဍတိုင်းတွင် ပြည်သူပြည်သားများ ပါဝင်ရမည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က စင်ကာပူရောက် မြန်မာ အသိုက်အဝန်း နှင့် တွေ့ဆုံခဲ့ရာတွင် ထည့်သွင်း ပြောကြားခဲ့သည်။

စင်ကာပူ နိုင်ငံအား နှစ် ၂၀ အတွင်း ကျော်နိုင်ရန် ပြည်သူပြည်သားများ အနေဖြင့် ပါဝင်ရမည့် အခန်းကဏ္ဍ အပေါ် မေးမြန်းမှုအား “ဘယ်ကဏ္ဍမှာ ပါဝင်နိုင်မလဲ ဆိုတော့ ကဏ္ဍတိုင်းမှာ ပါဝင်နိုင်ပါတယ်။ ပြည်သူပြည်သားများ အားလုံး တစ်ဦးချင်းဟာ တန်ဖိုးရှိပါတယ်။ကဏ္ဍတိုင်းမှာ

ပြည်သူ ပြည်သား တွေ ပါဝင် မှ ကျမတို့ အနှစ် ၂၀ အတွင်း လုပ်ချင်တာ လုပ်လို့

ရမှာ ဖြစ်ပါတယ်။”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် နှင့် စင်ကာပူ ရောက် မြန်မာ အသိုင်းအဝိုင်း တွေ့ဆုံစဉ်(ဆင်ဟွာ)

ထို့အတူ နိုင်ငံတစ်နိုင်ငံတွင် မည်သည့် ကိစ္စဖြစ်စေ အောင်မြင်အောင် လုပ်ဆောင်ရန် အားလုံးတွင် တာဝန်ရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က အဆိုပါ တွေ့ဆုံပွဲတွင် ထည့်သွင်း ပြောကြားခဲ့သည်။

ငြိမ်းချမ်းရေးနှင့် စပ်လျဉ်း၍ အချင်းချင်းကြားတွင် တိုက်ပွဲများ ၊ မယုံကြည် မကျေနပ်မှုများ ဖြစ်ပွား နေရခြင်းသည် သမိုင်းတွင် အချိန်ကြာကြာ နားလည်မှု မယူနိုင်ခဲ့၍ ဖြစ်ပြီး နားလည်မှု မရှိဘဲ ငြိမ်းချမ်းရေး ရနိုင်မည် မဟုတ်ကြောင်း ၊ ထို့အတွက်ကြောင့် မိမိတို့ကြိုးစားရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံသားများ အနေဖြင့် ပြည်ပတွင် အလုပ်လုပ်ရာတွင် အေးဂျင့်များမှ တဆင့် လုပ်ကိုင် ဆောင်ရွက်ရခြင်းများ ရှိသည့် အတွက် အေးဂျင့်များ၏ မမှန်မကန် ဆောင်ရွက်ချက်များ အပေါ် ဖိဖိစီးစီး ကိုင်တွယ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

လာဘ်ပေးလာဘ်ယူ ကိစ္စများနှင့် စပ်လျဉ်း၍ အစိုးရသက်တမ်း ၉ လတာ ကာလ အတွင်း ကျဆင်းသွားကြောင်း ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်း ပြောကြားခဲ့သည်။

လက်ရှိအစိုးရ၏ မူဝါဒနှင့် လုပ်ငန်းရည်ရွယ်ချက်များတွင် အဓိက ကျသည့် အချက်ကြီးနှစ်ချက်ဖြစ်သည့် ငြိမ်းချမ်းရေးနှင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကြိုးပမ်း ဆောင်ရွက် လျက် ရှိကြောင်း ၊ ပြည်သူပြည်သားများ တစ်ယောက်ချင်းစီ၏ အင်အားများသည် မိမိနိုင်ငံ၏ စွမ်းအား ဖြစ်သည့် အတွက် မိမိကိုယ်ကို အင်အားရှိအောင် ကြိုးပမ်းစေလိုကြောင်း ၊ ကိုယ့်ကိုယ်ကိုယ် မှန်ကန်သည့် အရည်အချင်းဖြင့် တိုးတက်အောင် ကြိုးပမ်းကြရန် တိုက်တွန်းလိုကြောင်း ၊ မိမိရောက်ရှိနေသည့် နိုင်ငံပေါ် မူတည်၍ အကောင်းဆုံးသော အခြေအနေကောင်းများရယူပြီး မိမိနိုင်ငံဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆောင်ရွက်စေ လိုကြောင်း၊ မိမိတို့မွေးမြူထားသည့် သားသမီးများကို မိမိနိုင်ငံအပေါ် မေ့လျော့ မသွားစေရန်၊ နိုင်ငံချစ်စိတ်ဖြင့် ပြုစုပျိုးထောင်ကြရန်လည်း တိုက်တွန်းလိုကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားခဲ့သည်။

ထို့အတူ သမိုင်းတစ်လျှောက်လုံးတွင် ညီညီညွတ်ညွတ် ဆောင်ရွက်ခဲ့သည့်ကိစ္စတိုင်း၌ အောင်မြင်မှု ရရှိခဲ့သည်ကို တွေ့မြင်ကြရမည်ဖြစ်ကြောင်း ၊ ထို့ကြောင့် မိမိတို့နိုင်ငံသူ နိုင်ငံသားအားလုံးတွင် နိုင်ငံဖွံ့ဖြိုးတိုးတက်စေရန် ဝိုင်းဝန်းပူးပေါင်းကာ တက်ညီ လက်ညီ ဆောင်ရွက်သွားကြရန် မေတ္တာရပ်ခံလိုပါကြောင်း ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.