Connect with us

Politics, Law & Military

တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) ပြည်ထောင်စု လွှတ်တော်သို့ ယနေ့ တင်သွင်းမည်

နိုင်ငံရေး ဆွေးနွေးမှု ဆိုင်ရာ မူဘောင်၊ မူကြမ်း ရေးဆွဲနိုင်ရေး အစည်းအဝေး ကျင်းပနေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဒီဇင်ဘာ ၁ ရက် (ဆင်ဟွာ)

တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) ကို ယနေ့ ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းမည် ဖြစ်ကြောင်း မြန်မာ ငြိမ်းချမ်းရေး စင်တာမှ အထူး အကြံပေး ဦးလှမောင်ရွှေက သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။

ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန် အစည်းအဝေး၊ ဆဋ္ဌမ နေ့တွင် နိုင်ငံတော် သမ္မတထံမှ ပေးပို့သော တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) နှင့်စပ်လျဉ်း ၍ သက်ဆိုင်ရာ ပြည်ထောင်စု အဆင့် အဖွဲ့အစည်းဝင်မှ ပြည်ထောင်စု လွှတ်တော်တွင် ရှင်းလင်း တင်ပြမည် ဖြစ်သည်။

အဆိုပါ ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းမည့် NCA စာချုပ်အတွက် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီမှ ဒုတိယ ဥက္ကဋ္ဌ ုပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းနှင့် ဒုတိယ ရှေ့နေချုပ်တို့ နေပြည်တော်သို့ သွားရောက်လျက်ရှိသည်။
တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) တွင် အခန်း (၇) ခန်းနှင့် အပိုဒ် (၃၃) ပိုဒ် ပါဝင်သည်။ စာချုပ်၏ အခန်း (၅) နိုင်ငံရေး ဆွေးနွေးပွဲ အာမခံချက်များ အခန်းတွင် NCA စာချုပ်ကို “ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်း၍ အတည်ပြုချက် ရယူခြင်း” ဟူ၍ ပါရှိသည်။
NCA စာချုပ်အား ၂၀၁၅ ခုနှစ် အောက်တိုဘာလ (၁၅) ရက်တွင် ဒုတိယ သမ္မတများ၊ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ၊ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒုတိယ ဥက္ကဋ္ဌများ၊ ပြည်ထောင်စု ရှေ့နေချုပ်၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း (၈) ဖွဲ့နှင့် ပြည်တွင်း၊ ပြည်ပ အသိ အသက်သေများမှ နိုင်ငံတော် သမ္မတအား အသိ သက်သေထား၍ လက်မှတ် ရေးထိုးခဲ့ကြခြင်း ဖြစ်သည်။
NCA စာချုပ် ကို ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် အစိုးရနှင့် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း (၈) ဖွဲ့အပါ အဝင် လက်မှတ် မရေးထိုး ရသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများက ရေးဆွဲခဲ့ကြခြင်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.