Connect with us

Politics, Law & Military

သူရဦးရွှေမန်း နှင့် ဒေါ်အောင်ဆန်းစုကြည်တို့တွေ့ဆုံရာတွင် အစိုးရ အဖွဲ့သစ်၌ တိုင်းရင်းသား အစုအဖွဲ့များ ပါဝင်ရေး ဆွေးနွေး

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် (ဝဲ) နှင့် အမေရိကန် နိုင်ငံ သမ္မတ ဘားရက်အိုဘားမား (ယာ) တို့ အား စက်တင်ဘာလ ၂၅ ရက်က ဝါရှင်တန်တွင် ပြုလုပ်သည့် ဆွေးနွေးပွဲတွင် တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ နိုဝင်ဘာ ၃၀ ရက်(ဆင်ဟွာ)

လာမည့် အစိုးရ အဖွဲ့ထဲတွင် ပါဝင်သင့်သည့် တိုင်းရင်းသား အစုအဖွဲ့များ ပါဝင်ရေးကို ဆွေးနွေးခဲ့ကြောင်း ပြည်ထောင်စု လွှတ်တော် နာယက ၊ ပြည်သူ့လွှတ်တော် ဥက္ကဌ ဖြစ်သူ သူရ ဦးရွှေမန်းနှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့ ယနေ့နိုဝင်ဘာလ ၃၀ ရက်တွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် ဥက္ကဌရုံးခန်း၌ သီးသန့်တွေ့ဆုံခဲ့ပြီးနောက် ဆွေးနွေးမှုများ အပေါ် သူရ ဦးရွှေမန်း၏ Facebook စာမျက်နှာတွင် ဖော်ပြ ရေးသားချက် အရ သိရသည်။

ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်း၏ Facebook စာမျက်နှာတွင် “သူနှင့် သူ့ပါတီဟာ အောင်နိုင်ထားပြီး ဖြစ်သော်လည်း မာန်မာန မရှိဘဲ အပြုသဘောဆောင်ပြီး နှိမ့်ချ ဆောင်ရွက်မှုတွေ၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးအတွက် ဆောင်ရွက်နေတာတွေကို ကြိုဆိုရမယ်၊ ဂုဏ်ပြုရမယ်။ လာမည့်အစိုးရအဖွဲ့ထဲမှာလည်း ပါဝင်သင့်သည့် တိုင်းရင်းသား အစုအဖွဲ့များ ပါဝင်ရေးကို မျှော်မှန်းထားတယ်ဆိုတာကလည်း မင်္ဂလာ သတင်းပါ။ ဒီအခွင့်ကောင်းကို ရယူ အသုံးပြုပြီး နိုင်ငံ တည်ငြိမ်ရေး၊ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးကို ဆောင်ရွက်ကြဖို့ လိုပါတယ်”ဟု ယနေ့နိုဝင်ဘာလ ၃၀ ရက်နေ့တွေ့ဆုံမှုအပေါ် ဖော်ပြ ရေးသားထားသည်။

ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်းနှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့သည် မကြာခဏ လွှတ်တော်တွင်း၌ သီးသန့်တွေ့ဆုံ ဆွေးနွေးခဲ့မှုများ ရှိခဲ့ပြီး ပြီးခဲ့သည့် နိုဝင်ဘာလ ၁၉ ရက်တွင် အမျိုးသား ပြန်လည် သင့်မြတ်ရေး အတွက် ဒေါ်အောင်ဆန်းစုကြည်၏ တောင်းဆိုချက်အရ တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး အချက် ၅ ချက် ပါဝင်သည့် ပူးတွဲ ကြေညာချက် တစ်စောင်ကို ထုတ်ပြန်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.