Connect with us

Politics, Law & Military

နိုင်ငံတော် သမ္မတက လူမှုစီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုနှင့် အာဆီယံအသိုက်အဝန်း ထူထောင်မှု လုပ်ငန်းစဉ် များတွင် ပူးပေါင်း ပါဝင်ရန် အားပေး တိုက်တွန်း

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှ (၅၁)နှစ်မြောက် အာဆီယံနေ့ တွင် ပေးပို့ သည့် သ၀ဏ်လွှာအား တွေ့ ရစဉ်(ဓာတ်ပုံ-Myanmar President Office)

ရန်ကုန် ၊ သြဂုတ် ၈ ရက်(ဆင်ဟွာ)

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က (၅၁)နှစ်မြောက် အာဆီယံနေ့သဝဏ်လွှာ ပေးပို့ရာတွင် ဒေသတွင်း နှင့် နိုင်ငံ တကာ၏ တည်ငြိမ် အေးချမ်းမှု နှင့် သာယာဝပြောမှုကို အထောက်အကူ ဖြစ်စေမည့် လူမှု စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု နှင့် အာဆီယံ အသိုက်အဝန်း ထူထောင်မှု လုပ်ငန်းစဉ်တို့တွင် ဆတက်ထမ်းပိုး ကြိုးပမ်း အားထုတ် ပြီး တက်ကြွစွာ ပူးပေါင်း ပါဝင်ရန် ပြည်သူတစ်ရပ်လုံးကို အားပေးတိုက်တွန်းလိုက်ကြောင်း သဝဏ်လွှာတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံသည် တာဝန်သိသည့် အာဆီယံ အဖွဲ့ဝင် နိုင်ငံ တစ်နိုင်ငံ ဖြစ်သည်နှင့် အညီ အာဆီယံ အသိုက် အဝန်း လမ်းပြ မြေပုံ အကောင်အထည် ဖော်ခြင်း ၊ ဒေသတွင်း ပေါင်းစည်းညီညွတ်ခြင်း နှင့် အာဆီယံ အသိုက် အဝန်း တည်ထောင်ခြင်းတို့တွင် အခြား အာဆီယံ အဖွဲ့ဝင် နိုင်ငံများနှင့်အတူ ပူးပေါင်း ဆောင်ရွက်လျက် ရှိကြောင်း သဝဏ်လွှာတွင် ဖော်ပြထားသည်။

အားလုံးပါဝင်ပြီး စည်းလုံးညီညွတ်ကာ ထီထွင်ဆန်းသစ်မှုရှိသည့် အာဆီယံ အသိုက်အဝန်းကို အကောင်အထည်ဖော်သည့် နေရာမှာ အာဆီယံသည် ပညာရေး၊ ကျန်းမာရေး၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်ရေး ၊ သဘာဝဘေး အန္တရာယ် စီမံခန့်ခွဲရေး နှင့် သဘာဝ အရင်းအမြစ် ရေရှည် တည်တံ့ ခိုင်မြဲရေး ဆိုင်ရာတို့တွင် ပူးပေါင်း ဆောင်ရွက်မှု များမှတစ်ဆင့် ပြည်သူများ၏ လူနေမှု အဆင့်အတန်း မြင့်မားလာအောင် ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း ၊ ထို့အပြင် တူညီသည့် သွင်ပြင်လက္ခဏာကို ဖော်ဆောင်ရန် ယဉ်ကျေးမှု ပူးပေါင်း ဆောင်ရွက်မှု နှင့် ပြည်သူများအကြား ထိတွေ့ဆက်ဆံမှုကို အလေးထားဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားသည်။

အရှေ့တောင်အာရှဒေသရှိ နိုင်ငံပေါင်း ၁ဝ နိုင်ငံ နှင့် ဖွဲ့စည်းထားသည့် အာဆီယံ အသင်းကြီးသည် ဒေသတွင်း မှီတင်း နေထိုင်ကြသည့် ပြည်သူ သန်းပေါင်း ၆ဝဝ ကျော် အတွက် ပိုမို ကောင်းမွန်သည့် မျှော်လင့်ချက် ၊ ရည်မှန်းချက် နှင့် ယုံကြည်မှုများကို ဖော်ဆောင်ပေးရန် ရည်ရွယ်ချက် နှင့် ခရီးဆက်လျက်ရှိကြောင်း သဝဏ်လွှာတွင် ဖော်ပြထားသည်။

အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် ယဉ်ကျေးမှု နှင့် သမိုင်း အစဉ်အလာများအရ ရှေးနှစ်ပေါင်းများစွာကတည်းက ဆက်စပ် ဆက်နွှယ်မှုများ ရှိခဲ့ကြကြောင်း၊ ထိုဆက်စပ်ဆက်နွှယ်မှုများသည် မတူ ကွဲပြားခြားနားသည့် ကြားက လက်ရှိ စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းရာတွင် မိမိတို့ကို ပိုမိုစည်းလုံးစေပြီး ကွဲပြားခြားနားမှုများကို လျော့နည်း စေကာ အာဆီယံကို ပိုမိုစည်းလုံးညီညွတ်စေခဲ့ကြောင်း ဖော်ပြထားသည်။

အာဆီယံအသိုက်အဝန်းအနေဖြင့် ကြိုးပမ်းအားထုတ်မှုများကြောင့် သိသာ ထင်ရှားသည့် အောင်မြင်မှု များစွာ ရရှိခဲ့ ပေမယ့်လည်း အာဆီယံသည် ယနေ့အချိန် အခါတွင် သမားရိုးကျ နှင့် သမားရိုးကျ မဟုတ်သည့် စိန်ခေါ်မှု များစွာကို ရင်ဆိုင် ကြုံတွေ့နေရကြောင်း ၊ နိုင်ငံဖြတ်ကျော်မှုခင်း ၊ အကြမ်းဖက် တိုက်ခိုက်မှု ၊ ဆိုက်ဘာ လုံခြုံရေး ၊ ရာသီဥတု ပြောင်းလဲမှု နှင့် သဘာဝပတ်ဝန်းကျင် ပျက်စီးယိုယွင်းမှု ၊ အစားအစာ နှင့် စွမ်းအင် ဖူလုံရေးစသည့် အားလုံး နှင့် သက်ဆိုင်သည့် စိန်ခေါ်မှုများ ဖြစ်ကြောင်း ဖော်ပြထားသည်။

ယင်းတို့ကို ရင်ဆိုင် ဖြေရှင်းသည့် နေရာတွင် အာဆီယံ အသင်းကြီးသည် အခြေခံအုတ်မြစ်ဖြစ်သော စုပေါင်းအင်အားကို ထုတ်ဖော်ပြသနိုင်သည့် အပြင် စိန်ခေါ်မှုများကို ကြံ့ကြံ့ခံနိုင်မှု ရှိလာပြီး ပိုမို စည်းလုံး ညီညွတ်လာခဲ့ကြောင်း ၊ ၂ဝ၁၈ ခုနှစ် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌက အနာဂတ် စိန်ခေါ်မှုများကို ရင်ဆိုင် ဖြေရှင်း နိုင်ပြီး မိမိတို့၏ ကြိုးပမ်းအားထုတ်မှုကို ပိုမိုခိုင်မြဲစေရန် ရည်ရွယ်ပြီး ”ကြံ့ခိုင်၍ ထီထွင် ဆန်းသစ်မှု ရှိသည့် အာဆီယံ”ဆိုသည့် ဦးတည်ချက်ကို ချမှတ်ခဲ့ခြင်း ဖြစ်ပြီး ယင်းသည် လျော်ကန် သင့်မြတ်မှု ရှိပြီး အချိန်ကိုက် ဖြစ်ကြောင်း တွေ့ရှိရကြောင်း ဖော်ပြထားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.