Connect with us

Politics, Law & Military

မြန်မာ့ တပ်မတော်နှင့် KIAတို့ ဆယ်ရက် အတွင်း တိုက်ပွဲ ၁၃ ကြိမ် ဖြစ်ပွား

ဖားကန့် ဒေသ မိုင်းပေါက်ကွဲမှုနှင့် တိုက်ပွဲ ဖြစ်ပွားရာပြ မြေပုံ (ဓာတ်ပုံ-မြဝတီ)

ရန်ကုန်၊ မေ ၁၂ ရက် (ဆင်ဟွာ)

ကချင်ပြည်နယ် အတွင်း မြန်မာ့ တပ်မတော်နှင့် KIA လက်နက်ကိုင် အဖွဲ့တို့ မေလ ၁ ရက်မှ ၁၀ ရက်ထိ ဆယ်ရက် အတွင်း တိုက်ပွဲ ၁၃ ကြိမ် ဖြစ်ပွားခဲ့ကြောင်း မြန်မာ့ တပ်မတော် သတင်းနှင့် ပြန်ကြားရေးက သတင်း ထုတ်ပြန်လိုက်သည်။

ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့၊ နန့်ယားကျေးရွာ အုပ်စု၊ စဘော့ မှော်ကျေးရွာ များတွင် နယ်မြေ ရှင်းလင်းရေး ပြုလုပ်စဉ် KIA လက်နက်ကိုင် အဖွဲ့၏ သင်တန်းကျောင်း တစ်ခုနှင့် စခန်းပုန်း ငါးခုကို ရှင်းလင်း နိုင်ခဲ့ပြီး အလောင်း တစ်လောင်း၊ လက်နက်မျိုးစုံ လေးလက်၊ ကျည်မျိုးစုံ ၁၈၁ တောင့်၊ ကျည် အိမ်မျိုးစုံ ငါးခု၊ အာရ်ပီဂျီဗုံးသီး ငါးလုံး၊ ဒေသန္တရမိုင်း ၁၃ လုံး၊ ကျည်ကာအင်္ကျီ တစ်ထည်နှင့် မော်တော်ယာဉ် တစ်စီး၊ မော်တော်ဆိုင်ကယ် တစ်စီးတို့ကို သိမ်းဆည်းရမိခဲ့ ကာ တပ်မတော်မှ စစ်သည်တချို့ ထိခိုက် ဒဏ်ရာ ရရှိခဲ့သည်။
KIA လက်နက်ကိုင် အဖွဲ့မှ ဖမ်းဆီးထားသည့် ခုနစ်ဦး အနက် ငါးဦးကို မေလ ၂ ရက်တွင် ပြန်လည် စေလွှတ် ပေးခဲ့သော်လည်း ဦးမျိုးဆန်းနှင့် ဦးရဲနီသွေး (ခ) ဦးရဲဖူ တို့ကို မူးယစ်ဆေးဝါး သုံးစွဲသည်ဟု အကြောင်း ပြကာ ယခုတိုက်ပွဲ ပြီးဆုံးချိန်အထိ ပြန်လည် စေလွှတ်ပေးခြင်း မရှိသဖြင့် တပ်မတော် စစ်ကြောင်းများက ကျန်ရှိသော အဖမ်းခံထားရသူများကို ကယ်ဆယ်နိုင်ရေးနှင့် ယင်းနယ်မြေအတွင်း KIA လက်နက်ကိုင် အဖွဲ့၏ စခန်း ပုန်းများ မရှိစေရေး ဆက်လက် နယ်မြေရှင်းလင်း ဆောင်ရွက်လျက် ရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117