Connect with us

Politics, Law & Military

နိုင်ငံတော် ဖွံ့ဖြိုးရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပိုမို ထိရောက်စွာ ပူးပေါင်း ဆောင်ရွက်ရေး အတွက် နိုင်ငံခြားရေး ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီးနှင့် ပြည်တွင်း အခြေစိုက် UN အဖွဲ့အစည်းများ တွေ့ဆုံ

နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် နှင့် မြန်မာနိုင်ငံ အခြေစိုက် ကုလသမဂ္ဂ အဖွဲ့အစည်း ကိုယ်စားလှယ်များ နေပြည်တော်၌ ဆွေးနွေးစဉ် (ဆင်ဟွာ)

နေပြည်တော်၊ မေ ၁၁ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေးတွင် ပိုမို ထိရောက်စွာ ပူးပေါင်း ဆောင်ရွက်နိုင်ရန် အတွက် နေပြည်တော် ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာနတွင် နိုင်ငံခြားရေး ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် ကမ္ဘာ့ဘဏ်၊ အာရှ ဖွံ့ဖြိုးရေးဘဏ် အပါအဝင် မြန်မာနိုင်ငံ အခြေစိုက် ကုလသမဂ္ဂ အဖွဲ့အစည်း ၁၉ ဖွဲ့တို့မှ ဌာနေ ကိုယ်စားလှယ်များ တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။

ယင်းသို့တွေ့ဆုံရာတွင် ပြည်ထောင်စု ဝန်ကြီးမှ ကုလသမဂ္ဂ အေဂျင်စီများ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၏ လုပ်ငန်းများသည် မြန်မာနိုင်ငံ အစိုးရ၏ ဦးစားပေး လုပ်ငန်းအစီအမံများ ၊ ပြည်သူများ၏ လိုအပ်ချက်များနှင့် ကိုက်ညီရန် လိုအပ်ပါကြောင်း၊ ကာလတို ကာလရှည် အကျိုး ဖြစ်ထွန်းရေးကို ဦးတည် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ လူမှုဘဝ လုံခြုံမှုနှင့် လွတ်လပ်မှု (security and freedom) ကို ဟန်ချက် ညီစေရန် လိုအပ်မည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂ အေဂျင်စီများ ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများတွင် တူညီသည့် ရည်မှန်းချက်ရှိ ကြောင်းဖြင့် ထည့်သွင်း ပြောကြားသွားသည်။

နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် နှင့် မြန်မာနိုင်ငံ အခြေစိုက် ကုလသမဂ္ဂ အဖွဲ့အစည်း ကိုယ်စားလှယ်များ နေပြည်တော်၌ ဆွေးနွေးစဉ် (ဆင်ဟွာ)

နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် နှင့် မြန်မာနိုင်ငံ အခြေစိုက် ကုလသမဂ္ဂ အဖွဲ့အစည်း ကိုယ်စားလှယ်များ အမှတ်တရ ဓာတ်ပုံ ရိုက်ကူးစဉ် (ဆင်ဟွာ)

တွေ့ဆုံ ဆွေးနွေးမှု အပြီးတွင် ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် (UNDP) ဌာနေညွှန်ကြားရေးမှူး မစ္စတာ တွိုင်လီကူဗာနော့ဗ်က အစိုးရသစ်နှင့် အတူတူ လက်တွဲ အလုပ် လုပ်ရာတွင် မြန်မာနိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ၌ မည်သို့ ကူညီမည်ကို ဆွေးနွေးဖြစ်ကြောင်း ဆင်ဟွာကို ပြောကြားခဲ့သည်။

ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး ဒုတိယ ဌာနေ ကိုယ်စားလှယ် မစ္စ နိုရီကို တာကာဂျီကလည်း မြန်မာ အစိုးရ၏ ရည်မှန်းချက်များ အောင်မြင်ရေး အတွက် အပြန်အလှန် မည်သို့ ကူညီ နိုင်မည်ကို ဆွေးနွေးဖြစ်ကြောင်း ပြောခဲ့သည်။

ILO Liaison officer, Ms. Piyamal Pichaiwongse ကမူ ILO အနေဖြင့် မြန်မာနိုင်ငံ၏ အလုပ်သမားများ အတွက် ပြည်တွင်း၌ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရန်နှင့် ပြည်ပရှိ မြန်မာ ရွှေ့ပြောင်း လုပ်သားများ ပြည်ပနိုင်ငံများတွင် တန်းတူ အခွင့်အရေး ရစေရန် ကူညီ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဆင်ဟွာသို့ ပြောကြားခဲ့သည်။

တွေ့ဆုံပွဲသို့စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်ဝင်းနှင့် နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်တို့လည်း တက်ရောက်ခဲ့ကြသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117