Connect with us

Politics, Law & Military

မန္တလေးတိုင်းဒေသကြီးတွင် ငွေကျပ်သိန်း ၃,၇၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁.၈ သိန်းနှင့် ဘိန်းဖြူ ၄.၁၈ ကီလိုဂရမ် ဖမ်းဆီးရမိ

ဖမ်းဆီးရမိသူတို့အား သိမ်းဆည်းရမိသည့် မူးယစ်ဆေးဝါးများနှင့်အတူ တွေ့ရစဉ် (ဓာတ်ပုံ-- CCDAC Myanmar)

ရန်ကုန်၊ အောက်တိုဘာ ၁၁ ရက် (ဆင်ဟွာ)

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်တွင် ငွေကျပ်သိန်း ၃,၇၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁.၈ သိန်းနှင့် ဘိန်းဖြူ ၄.၁၈ ကီလိုဂရမ် ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါး အလွဲသုံးစွဲမှုထိန်းချုပ်ရေးဗဟိုကော်မတီ (CCDAC Myanmar) ၏ အောက်တိုဘာ ၁၀ ရက် ညပိုင်းတွင် သတင်းထုတ်ပြန်ချက်အရ သိရသည်။ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာလ ၅ ရက် နံနက် ၁၀ နာရီခွဲအချိန် မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ ဖော့တောလမ်းဆုံတွင် မန္တလေးမှ ဟိုပင်သို့ ပြေးဆွဲသည့် ခရီးသည်တင်မော်တော်ယာဉ်ကို သတင်းအရ ရှာဖွေခဲ့ကြောင်း သိရသည်။ထိုသို့ရှာဖွေရာတွင် ယာဉ်ပေါ်ပါခရီးသည် ၂ ဦး သယ်ဆောင်လာသည့် ငရုတ်သီးစိမ်းအိတ်များနှင့် ကွမ်းခြင်းအတွင်းတို့မှ ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၃,၇၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁.၈ သိန်းနှင့် ဘိန်းဖြူ ၄.၁၈ ကီလိုဂရမ် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

၎င်းတို့အား စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိသော မူးယစ်ဆေးဝါးများအား ရှမ်းပြည်နယ်မှ ကချင်ပြည်နယ်သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။အဆိုပါဖမ်းဆီးရမိသူတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း CCDAC MYANMAR ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)