Connect with us

Politics, Law & Military

ကြားဖြတ်ရွေးကောက်ပွဲတွင် NLDအနေဖြင့် လစ်လပ်မဲဆန္ဒနယ်အားလုံး ဝင်ရောက်ယှဉ်ပြိုင်မည်

ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ အဖွဲ့ချုပ်ရုံးချုပ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုအလုပ်အမှုဆောင်များနှင့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များတွေ့ဆုံစဉ်(ဓာတ်ပုံ-ဦးကြည်တိုး)

ရန်ကုန်၊ အောက်တိုဘာ ၂၆ ရက် (ဆင်ဟွာ)

၂၀၁၇ခုနှစ် ဧပြီလ ၁ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD)အနေဖြင့် လစ်လပ်မဲဆန္ဒနယ်အားလုံးဝင်ရောက်မည်ဖြစ်ကြောင်း အတွင်းရေးမှူး ဦးဉာဏ်ဝင်းက ပြောကြားသည်။

အဆိုပါ ကြားဖြတ်ရွေးကောက်ပွဲနှင့် ပတ်သတ်ပြီး အသေးစိတ်ကို ဆက်လက် ဆွေးနွေးသွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုအလုပ်အမှုဆောင်များနှင့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များသည် ယနေ့ ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ အဖွဲ့ချုပ်ရုံးချုပ်တွင် တွေ့ဆုံခဲ့သည်။

ယင်းတွေ့ဆုံပွဲကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌနှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်မဲဆန္ဒနယ် နေရာများမှာ ပြည်သူ့လွှတ်တော် ၉ နေရာ၊ အမျိုးသားလွှတ်တော် ၃ နေရာ၊ ယခင် ပြည်နယ်လွှတ်တော် ၆နေရာမှ ယခု တစ်ဦးထပ်တိုးလာသဖြင့် ပြည်နယ်လွှတ်တော် ၇ နေရာဖြစ်လာသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.