Connect with us

Politics, Law & Military

၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် NLD ပါတီ အနိုင်ရ

ရန်ကုန်ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရုံးရှေ့တွင် NLD ပါတီကို ဝန်းရံသူများအား နိုဝင်ဘာ ၉ ရက်နေ့ ညပိုင်း၌ တွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော်၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ) ရေးသားသူ – စိုးသန်းလင်း

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့၌ ကျင်းပခဲ့သည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) အနိုင်ရရှိကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ နိုဝင်ဘာ ၁၃ ရက်နေ့အမည်စာရင်း ကြေညာချက်များအရ သိရသည်။

NLD ပါတီသည် ပြည်သူ့ လွှတ်တော်တွင် ၂၂၅ နေရာ၊ အမျိုးသား လွှတ်တော်၌ ၁၂၁ နေရာ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော်များအတွက် ၄၃၄ နေရာနှင့် တိုင်းရင်းသား လူမျိုးစု လွှတ်တော်၌ ၈ နေရာ၊ စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ် ၇၈၈ နေရာဖြင့်၊ ပြည်ထောင်စု လွှတ်တေ

ာ်တွင် လွှတ်တော် ကိုယ်စားလှယ် ဦးရေ ၃၄၆ ဦးဖြင့် ပြည်ထောင်စု အစိုးရ အဖွဲ့ကို ပါတီ တစ်ခုတည်းဖြင့် လွတ်လွတ် ကျွတ်ကျွတ် ဖွဲ့စည်းနိုင်သည့် ပမာဏ ရရှိခဲ့ပြီး အနိုင်ရခဲ့ခြင်း ဖြစ်သည်။

၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ စုစုပေါင်း ၈၇ ခုတို့က ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ရွေးကောက်ပွဲ ရလဒ်များကို ဆက်လက် ထုတ်ပြန်လျက်ရှိကြောင်း၊ ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့သည့် ရခိုင်ပြည်နယ် မြောက်ပိုင်းနှင့် ရှမ်းပြည်နယ် တောင်ပိုင်းရှိ မိုင်းကိုင် မြို့နယ်တို့တွင် ကြားဖြတ်ရွေးကောက်ပွဲများ ဆက်လက် ကျင်းပနိုင်ရေး စီစဉ်လျက်ရှိကြောင်း သိရသည်။ (Xinhua)