Connect with us

Politics, Law & Military

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က “နောင်အနာဂတ်မြန်မာနိုင်ငံအတွက် ရှေးရှုရမည့် ပြည်ထောင်စုအရေးကိစ္စ” နှင့် ပတ်သက်၍ တိုင်းရင်းသားနိုင်ငံရေးပါတီ (၄၈) ခုထံသို့ စာပေးပို့

၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကျင်းပနေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ နိုဝင်ဘာ ၁၂ ရက် (ဆင်ဟွာ) ရေးသားသူ/ အေးလပြည့်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က “နောင်အနာဂတ်မြန်မာနိုင်ငံအတွက် ရှေးရှုရမည့် ပြည်ထောင်စုအရေးကိစ္စ” နှင့် ပတ်သက်၍ တိုင်းရင်းသားနိုင်ငံရေးပါတီ (၄၈) ခုထံသို့ စာပေးပို့ခဲ့ကြောင်း ယနေ့ နိုဝင်ဘာ ၁၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အဆိုပါစာတွင် ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ (၈) ရက်တွင် ကျင်းပပြုလုပ်ခဲ့သော အထွေထွေရွေးကောက်ပွဲ၌ ပြည်နယ်အသီးသီး၌ တက်ကြွစွာပါဝင်ဆင်နွှဲခဲ့ကြကြောင်း၊ အချို့သောပြည်နယ်များတွင် တိုင်းရင်းသားပါတီအချို့သည် ကျေနပ်ဖွယ်ရာသော ရွေးကောက်ပွဲရလဒ်များ ကိုရရှိခဲ့ကြသော်လည်း အချို့သောပါတီများသည် မျှော်မှန်းထားသည့်အတိုင်း မဖြစ်လာခဲ့သည်ကိုလည်း သိရှိရကြောင်း၊ မည်သို့သော အခြေအနေသို့ ရောက်သည်ဖြစ်စေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် နောင်အနာဂတ်၌ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေးအတွက် ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

တိုင်းရင်းသားပါတီများ၏ ရည်မှန်းချက်များသည် အဖွဲ့ချုပ်၏ ရည်မှန်းချက်များနှင့် တူညီကြသည်ဖြစ်ရာ အဖွဲ့ချုပ်အနေဖြင့် နောင်အနာဂတ်တွင် တိုင်းရင်းသား လူမျိုးစုများ၏ ဆန္ဒများကို အလေးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တိုင်းရင်းသားပါတီများအနေဖြင့်လည်း အဖွဲ့ချုပ်က ဖော်ဆောင်မည့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုအရေးကို တက်တက်ကြွကြွ ပူးပေါင်ပါဝင်မည်ဟု မျှော်လင့်ကြောင်း ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.