Connect with us

Politics, Law & Military

သမ္မတရွေးချယ်မှု အတွက် မဲပေးရာတွင် သေချာစေရန် NLD လွှတ်တော် အမတ်များကို ဒေါ်အောင်ဆန်းစုကြည် သတိပေး

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် NLD လွှတ်တော် ကိုယ်စားလှယ်များ နှင့် တွေ့ဆုံရန် နေပြည်တော်ရှိ စည်ပင်ရိပ်သာသို့ ရောက် ရှိလာစဉ် (ဆင်ဟွာ)

နေပြည်တော်၊ မတ် ၁၄ ရက် (ဆင်ဟွာ)

ပြည်ထောင်စု လွှတ်တော်၌ မနက်ဖြန် (မတ်လ ၁၅ ရက်) တွင် နိုင်ငံတော် သမ္မတရွေးချယ်မှု ပြုလုပ်မည်ဖြစ်ပြီး ယင်းရွေးချယ်မှု အတွက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် မဲပေးရာတွင် သေချာစေရန် ယနေ့ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က သတိပေး ပြောကြားသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က NLD ပါတီ လွှတ်တော် ကိုယ်စားလှယ်များကို နေပြည်တော်ရှိ စည်ပင်ရိပ်သာတွင် ယနေ့ ညနေ ၅ နာရီခန့်က တွေ့ဆုံ မှာကြားခဲ့သည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် NLD လွှတ်တော် ကိုယ်စားလှယ်များ နှင့် တွေ့ဆုံရန် နေပြည်တော်ရှိ စည်ပင်ရိပ်သာသို့ ရောက် ရှိလာစဉ် (ဆင်ဟွာ)

“မနက်ဖြန် မဲပေးရွေးချယ်ရာမှာ မဲပေး မမှားဖို့နဲ့ ပယ်မဲတွေ မဖြစ်ဖို့၊ ပြည်သူလူထုတွေကလည်း ထောက်ခံ ဝန်းရံထားပြီး ဖြစ်တာမို့ မိမိပေးလိုတဲ့ သမ္မတနာမည်ကို ဂရုတစိုက်နဲ့ မဲပေးကြဖို့ ပြောတာပါ”ဟု လွှတ်တော်ကိုယ် စားလှယ်တစ်ဦးက ပြောသည်။

သမ္မတလောင်းများသည် နိုင်ငံတော်နှင့် လူမျိုး အတွက် သေချာ စိစစ် ရွေးချယ်ထားသူများ ဖြစ်ကြောင်း၊ NLD ကိုယ်စားလှယ်များ အားလုံး မိမိတို့ လစာထဲမှ ကျပ် ၂ သိန်းခွဲကို အချိုးချ ပုံမှန် ထည့်ဝင်သည့် အတွက် ကျေးဇူးတင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ NLD ကိုယ်စားလှယ်များအား သမ္မတ ရွေးချယ်ရေး အတွက်ကို မဲပေးနည်းများ ယနေ့ လေ့ကျင့်ပေးလျက် ရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.