Connect with us

Politics, Law & Military

နိုင်ငံတော် သမ္မတ ရွေးချယ် တင်မြှောက်ပွဲ စတင် ကျင်းပ

နိုင်ငံတော် သမ္မတ ရွေးချယ်တင်မြှောက်ပွဲကျင်းပမည့် ပြည်ထောင်စု လွှတ်တော်မြင်ကွင်း (ဆင်ဟွာ)

ရန်ကုန် ၊ မတ် ၁၅ ရက် (ဆင်ဟွာ)

နိုင်ငံတော် သမ္မတ ရွေးချယ် တင်မြှောက်ပွဲအား ယနေ့မတ်လ ၁၅ ရက်တွင် နေပြည်တော်ရှိ ပြည်ထောင်စု လွှတ်တော် အစည်းအဝေး ခန်းမ၌ စတင် ကျင်းပ ပြုလုပ်နေပြီ ဖြစ်သည်။

ယနေ့အစည်းအဝေးတွင် ပြည်ထောင်စု လွှတ်တော် နာယက ဦးမန်းဝင်းခိုင်သန်းက နိုင်ငံတော် သမ္မတ ရွေးချယ် တင်မြှောက်ပွဲ ကျင်းပရန် စီစဉ်ထားမှုများကို ရှင်းလင်းတင်ပြခြင်း ၊ နိုင်ငံတော် သမ္မတ ရွေးချယ် တင်မြှောက်ရေး အဖွဲ့ဝင်များက ဆန္ဒမဲလက်မှတ်ဖြင့် လျှို့ဝှက် ဆန္ဒမဲပေး၍ နိုင်ငံတော် သမ္မတ ရွေးချယ် တင်မြှောက်ခြင်း ၊ ပြည်ထောင်စု လွှတ်တော် နာယက က နိုင်ငံတော် သမ္မတနှင့် ဒုတိယ သမ္မတများအဖြစ် ရွေးချယ် တင်မြှောက်ခံရသူ၏ အမည်များကို ကြေညာခြင်းများ ပြုလုပ်သွားမည် ဖြစ်သည်။

နိုင်ငံတော် သမ္မတ ရွေးချယ်တင်မြှောက်ပွဲကျင်းပမည့် ပြည်ထောင်စု လွှတ်တော်မြင်ကွင်း (ဆင်ဟွာ)

နိုင်ငံတော် သမ္မတ ရွေးချယ်တင်မြှောက်ပွဲကျင်းပမည့် ပြည်ထောင်စု လွှတ်တော်မြင်ကွင်း (ဆင်ဟွာ)

ယမန်နေ့ မတ်လ ၁၄ ရက်က ကျင်းပ ပြုလုပ်ခဲ့သည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ဒုတိယ သမ္မတများ ဖြစ်ကြသည့် ဦးထင်ကျော် ၊ ဦးဟန်နရီဗန်ထီးယူ နှင့် ဦးမြင့်ဆွေတို့သည် နိုင်ငံတော် သမ္မတ နှင့် ဒုတိယ သမ္မတများအတွက် သတ်မှတ်ထားသည့် အရည်အချင်းနှင့် ပြည့်စုံသူများ ဖြစ်ကြောင်း စိစစ်ရေး အဖွဲ့၏ စိစစ်တွေ့ရှိချက်ကို ကြေညာခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.