Connect with us

Politics, Law & Military

SME များ မယှဉ်ပြိုင်နိုင်သေးရင် အတူပူးပေါင်း လုပ်ဆောင်ရန် ဒုဝန်ကြီး အကြံပြု

5th ASEAN SME Conference တွင် တက်ရောက်လာသူများက မြန်မာနိုင်ငံတော် အလံအား အလေးပြုနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ)

အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းရှင်များ အနေဖြင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာချိန်တွင် တစ်ဦးချင်း မယှဉ်ပြိုင်နိုင်ပါက အတူ ပူးပေါင်း လုပ်ဆောင်သွားကြရန် စီမံကိန်းနှင့် စီးပွားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဆက်အောင်က ယနေ့ အကြံပြု ပြောကြားခဲ့သည်။

“ခင်ဗျားတို့ မယှဉ်ပြိုင်နိုင်ဘူးဆိုရင် ကျေးဇူးပြုပြီး မယှဉ်ပြိုင်ကြပါနဲ့၊ အတူ ပူးပေါင်း လုပ်ဆောင်တဲ့ နည်းလမ်းကို သုံးကြပါ။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံ့မှုတွေနဲ့ဆက်နွှယ်လာရင် ကျွန်တော်တို့က မူကြို ကျောင်းသား အဆင့်ပဲ ရှိနေသေးတယ်။ တစ်ဦးချင်းသာ ယှဉ်ပြိုင်မယ်ဆိုရင် ရေရှည်တောင့်မခံ နိုင်ပါဘူး၊ မကြာမီ တွေ့လာရမယ့် ယှဉ်ပြိုင်မှုတွေမှာ အတူ ပူးပေါင်းပြီး လုပ်ဆောင်သွား ကြဖို့အကြံပြုလိုပါတယ်” ဟု နေပြည်တော် MICC II တွင် ယနေ့နံနက် စတင်ဖွင့်လှစ်သည့် ပဉ္စမ အကြိမ်မြောက် ASEAN SME Conference တွင် ၎င်းက ပြောခဲ့ခြင်း ဖြစ်သည်။

5th ASEAN SME Conference တွင် စီမံကိန်းနှင့် စီးပွားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဆက်အောင် အမှာစကား ပြောကြားနေစဉ် (ဆင်ဟွာ)

5th ASEAN SME Conference တွင် UK AID Mr. Gail Marzetti အဖွင့် မိန့်ခွန်း ပြောကြားနေစဉ် (ဆင်ဟွာ)

ပထမနေ့နံနက်ပိုင်းတွင် Panel (1) ဆွေးနွေးမှုကို စတင်ဆောင်ရွက်နေစဉ် (ဆင်ဟွာ)

ထို့အပြင် SME များ အနေဖြင့် အစိုးရကို သိပ်ပြီး မှီခိုအားကိုးမနေကြဖို့နှင့် မည်သူ့ကိုမှ အလွန်အကျွံ အားမကိုးဘဲ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်အောင် ကြိုးစားကြဖို့ လိုအပ်ကြောင်း၊ mobile ဖုန်း အသုံးပြုမှု ကျယ်ပြန့်လာသည့် မြန်မာနိုင်ငံတွင် mobile payment ကဲ့သို့ အသစ်ဖန်တီးနိုင်သည့် နည်းပညာ တီထွင်မှုဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ကြဖို့လိုပါကြောင်းလည်း ၎င်းက တိုက်တွန်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် ငွေကြးဖောင်းပွမှုများ နှင့် ပတ်သက်၍လည်း “မြန်မာနိုင်ငံရဲ့ inflation က ၂၀၁၅ – ၁၆ မှာ မြင့်တက်ခဲ့ပေမယ့် အခုဆိုရင် တစ်နိုင်ငံလုံးအတိုင်းအတာအရငွေဖောင်းပွမှုနှုန်းက တည်ငြိမ်နေပါပြီ” ဟု ၎င်းက ပြောခဲ့သည်။

မြန်မာနိုင်ငံရှိ SME များ၏ လက်၇ှိအနေအထားနှင့် ပတ်သက်ပြီး “SME ရပ်တည်မှုမှာ အခုမှ အစပြုနေတာပါ။ SME ဌာနကြီးဆိုရင်လည်း ၂၀၁၂ ကမှ ဌာန ခွဲလေး တစ်ခု အနေနဲ့ လုပ်တာ၊ ၂၀၁၄ ကျမှ ဌာနကြီးကို ချဲ့ လိုက်တာဖြစ်ပါတယ်။ ၂၀၁၅ မှာ SME မူဝါဒတွေ ထပ်ဆွဲတယ်။ လက်ရှိမှာ SME တွေ တိုင်းပြည်မှာ အရှိန် အဟုန်ကောင်းအောင်၊ နိုင်ငံတော် အဆင့် အနေနဲ့ SME တွေကို အရှိန် အဟုန် မြှင့် စပြီးတော့မှ တွန်းအားပေး လုပ်နေတဲ့ အဆင့်ဖြစ်ပါတယ်။ အစိုးရဘက်က ငွေကြေးတွေ လည်းပံ့ပိုးတယ်။ နည်းပညာလည်း ပံ့ပိုးတယ်၊ ဈေးကွက်အတွင်း ရောက်အောင်လည်း ပံ့ပိုးပေးတယ်။ လက်ရှိမှာ အသေးစား၊ အလတ်စား အတွက် ချေးငွေ မှာ နိုင်ငံတော်ဘက်ကကျပ် ၃၀ ဘီလီယံ ချပေးထားတာ ရှိတယ်။ နောက်ထပ်လည်း ၅၀ ဘီလီယံလည်း လက်ရှိ ချပေးနေတာ ရှိတယ်။ ဒါတင် မပြတ်သေးဘူး၊ နောက်ထပ် ထပ်လာအုန်းမှာ လည်း ရှိတယ်” ဟု ယနေ့အခမ်းအနားသို့ တက်ရောက်လာသည့် စက်မှုကြီးကြပ်ရေး နှင့် စစ်ဆေး ရေးဦးစီး ဌာန ဒုတိယ ညွှန်ကြားရေးမှူးချူပ် ဦးသိန်းဆွေက မီဒီယာသို့ ဖြေကြားခဲ့သည်။

အောက်တိုဘာ ၁၄ ရက်မှ ၁၅ ရက်အထိ နှစ်ရက် ကျင်းပမည့် အဆိုပါ Conference သို့ နိုင်ငံပေါင်း ၁၅ နိုင်ငံတို့မှ SME လုပ်ငန်းရှင်များ၊ စီးပွားရေး ပညာရှင်များ တက်ရောက်ခဲ့ကြပြီး ပထမနေ့ နံနက်ပိုင်းတွင် မြန်မာ နိုင်ငံတော် အတိုင်ပင်ခံရုံး၏ စီးပွားရေး အထူးအကြံပေး Mr. Sean Turnell အပါအဝင် ပညာရှင် ငါးဦးတို့က Panel (1) ဆွေးနွေးမှုကို စတင် ဆောင်ရွက်ခဲ့ကြသည်။ Panel ခုနစ်ဖွဲ့ရှိသည့်အနက် ယနေ့ လေးခု ဆောင်ရွက်ပြီး Panel 5 to 7 ကို ဒုတိယနေ့တွင် ဆက်လက် ဆောင်ရွက်သွားမည်ဟု သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.