Connect with us

Politics, Law & Military

ရခိုင်ပြည်နယ်တွင်း လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေး စီမံကိန်း၏ အင်တာနက် စာမျက်နှာ Website စတင် လွှင့်တင်

UEHRD အင်တာနက် စာမျက်နှာ Website အား တွေ့ ရစဉ်(ဓာတ်ပုံ-Imformation Committee)

ရန်ကုန် ၊ အောက်တိုဘာ ၁၅ ရက်(ဆင်ဟွာ)

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဥက္ကဋ္ဌ အဖြစ် တာဝန်ယူ ဆောင်ရွက်မည့် ရခိုင်ပြည်နယ်တွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ ပေးရေး ၊ ပြန်လည် နေရာ ချထားရေး ၊ ဖွံ့ဖြိုးရေး စီမံကိန်း (Union Enterprise for Humanitarian Assistance, Resettlement and Development in Rakhine-UEHRD) ၏ အင်တာနက် စာမျက်နှာ Website ကို ယနေ့ အောက်တိုဘာ ၁၅ ရက်တွင် စတင် လွှင့်တင် လိုက်ကြောင်း သတင်းထုတ်ပြန်ရေး ကော်မတီမှ ထုတ်ပြန်ခဲ့သည်။

ရခိုင်ပြည်နယ်တွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ ပေးရေး ၊ ပြန်လည် နေရာ ချထားရေး ၊ ဖွံ့ဖြိုးရေး စီမံကိန်း၏ အင်တာနက် လိပ်စာမှာ http://rakhine.unionenterprise.org/ ဖြစ်ပြီး Donation ပြုလုပ်လိုသူများ ဆက်သွယ်လှူဒါန်းနိုင်မည့် ဘဏ်စာရင်းများကိုလည်း ဖော်ပြထားသည်။စီမံကိန်းအနေဖြင့် ရခိုင်ပြည်နယ်အတွက် (၁) လူသားချင်း စာနာ ထောက်ထားမှု ဆိုင်ရာ အကူအညီများ ထိထိရောက်ရောက် ပေးအပ်ရေးနှင့် ဒုက္ခသည်များ ပြန်လည်လက်ခံရေး ၊ (၂) ပြန်လည် နေရာ ချထားရေး နှင့် ပြန်လည်ထူထောင်ရေး ၊ (၃) ဒေသဖွံ့ဖြိုးရေးနှင့် ရေရှည် ပဋိပက္ခကင်းဝေးရေး အဓိက လုပ်ငန်း စဉ်ကြီး (၃) ခုကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်တွင်း လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်းတွင် နိုင်ငံတော်အစိုးရနှင့်အတူ ပြည်တွင်း/ပြည်ပနိုင်ငံ အဖွဲ့အစည်းစုံ ပါဝင်နိုင်မှု၊ ကဏ္ဍစုံ/ အလွှာစုံ ပါဝင်နိုင်မှု ၊ လုပ်ငန်းမျိုးစုံ ဆောင်ရွက်နိုင်မှုတို့အတွက် ရည်ရွယ်ပြီး ဖွဲ့စည်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

စီမံကိန်းတွင် ပြည်သူပြည်သားများ၊ ပြည်တွင်း NGO များနှင့် CSO များ၊ စီးပွားရေး လုပ်ငန်းရှင်ကြီးများ ပူးပေါင်း ပါဝင်ကြရန် မေတ္တာရပ်ခံထားပြီး ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးအတွက် ပံ့ပိုးကူညီပေးရန် ကမ်းလှမ်းထားသည့် နိုင်ငံများ ၊ ကုလသမဂ္ဂအေဂျင်စီများ၊ World Bank နှင့် ADB ကဲ့သို့သော ဘဏ္ဍာရေးအဖွဲ့အစည်းများ၊ Nippon Foundation ကဲ့သို့သော INGO အဖွဲ့အစည်းများနှင့် မိတ်ဆွေနိုင်ငံများ ပါဝင်ကြရန်လည်း ဖိတ်ခေါ်ထားကြောင်း သိရသည်။(Xinhua)