Connect with us

Politics, Law & Military

ရခိုင်ပြည်နယ်တွင်း UEHRD အစီအစဉ်ဖြင့် လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများ ဆွေးနွေး

ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးညီပုနှင့် မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျနိုင်ငံ သံအမတ်ကြီးတို့ တွေ့ဆုံဆွေးနွေးစဉ်(MOI)

ရန်ကုန်၊ သြဂုတ် ၂၈ ရက်(ဆင်ဟွာ)

ရခိုင်ပြည်နယ်တွင်း UEHRD အစီအစဉ်ဖြင့် လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများအား ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုနှင့် မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျနိုင်ငံ သံအမတ်ကြီး H.E. Mr. Nicholas Coppel တို့ တွေ့ဆုံဆွေးနွေး ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သောသတင်းအရ သိရသည်။

အဆိုပါ တွေ့ဆုံစဉ် သြစတြေးလျနိုင်ငံမှ မြန်မာနိုင်ငံတွင် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ကူညီ ဆောင်ရွက်နေမှု၊ ရခိုင်ပြည်နယ်၏ ပညာရေးကဏ္ဍများတွင် ကူညီဆောင်ရွက်နေမှု၊ လူသားချင်း စာနာ ထောက်ထားမှု အကူအညီများပေးနေမှု၊ IDP စခန်းများ ရုပ်သိမ်းပြီး ပြန်လည်နေရာချထားရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် တိုးတက် ကောင်းမွန်လာသော အခြေအနေများ၊ နေရပ်စွန့်ခွာသူများ ပြန်လည် လက်ခံရေးနှင့် ပြန်လည်နေရာ ချထားရေးအတွက် နိုင်ငံတော် အစိုးရနှင့် ပြည်နယ်အစိုးရတို့မှ အဆင်သင့်စီစဉ် ဆောင်ရွက်ထားရှိမှုစသည့် ကဏ္ဍများကို ဆွေးနွေးကြကြောင်း သိရသည်။

ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုနှင့် အစိုးရအဖွဲ့ဝင်များသည် သြဂုတ် ၂၇ ရက် နံနက် ၉ နာရီတွင် မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျနိုင်ငံ သံအမတ်ကြီး H.E. Mr. Nicholas Coppel နှင့် အဖွဲ့အား ပြည်နယ် ဝန်ကြီးချုပ် ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.