Connect with us

Politics, Law & Military

ကသာခရိုင်အတွင်းရှိ တပ်လွင်ကြိုးဝိုင်း(၂၆)နေရာမှ တရားမဝင်သစ်များ ဖမ်းဆီးရမိ

ကသာခရိုင်အတွင်း တရားမ၀င်သစ်များအား ဖမ်းဆီးရမိစဉ်(သစ်တောဦးစီးဌာန)

ရန်ကုန်၊ သြဂုတ် ၂၇ ရက်(ဆင်ဟွာ)

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဝန်းသိုမြို့နယ်အတွင်းရှိ တပ်လွင်ကြိုးဝိုင်း (၂၆)နေရာမှ တရားမဝင်သစ်များ ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနမှ ထုတ်ပြန်သော သတင်းအရ သိရသည်။

တပ်လွင်ကြိုးဝိုင်း (၂၆)အတွင်း၌ သြဂုတ် ၂၄ ရက်တွင် တရားမဝင် ကျွန်း သစ်/ခွဲသား စုစုပေါင်း (၂၆၅)ချောင်း (၂၀.၁၂၁၄)တန်၊ အင်ဂျင် (၁)လုံး၊ လွှဝိုင်း(၁)ဝိုင်းနှင့်ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီးရမိ တရားမဝင်သစ်များနှင့် ဆက်စပ်ပစ္စည်း ဆက်စပ်ပတ်သက်သူများအား စုံစမ်းဖေါ်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးဆောင်ရွက် လျက်ရှိကြောင်း သိရသည်။ဝန်းသိုမြို့နယ်၊ နမ်းခမ်းအပတော၌လည်း သြဂုတ် ၂၅ ရက်တွင် တရားမဝင် ကျွန်း သစ်/ခွဲသား စုစုပေါင်း (၃၉၈)ချောင်း (၈.၀၉၆၄)တန်၊ အင်ဂျင် (၁)လုံး၊ လွှဝိုင်း (၁)ဝိုင်းနှင့်ဆက်စပ်ပစ္စည်းများ ထပ်မံ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။(Xinhua)