Connect with us

Science & Technology

ပြည်တွင်း၌သာ ဖြန့်ဖြူး သွားမည့် ရွှေလီ(၃) ရေအား လျှပ်စစ် စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ရန် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုး

ရွှေလီရေအားလျှပ်စစ်လုပ်ငန်းအားမြင်တွေ့ရစဉ် (အင်တာနက်)

ရန်ကုန် ၊ ဒီဇင်ဘာ ၁၉ ရက် (ဆင်ဟွာ)

ပြည်တွင်း၌သာ ဖြန့်ဖြူး သွားရန် စီစဉ်ထားသည့် ရွှေလီ(၃) ရေအား လျှပ်စစ် စီမံကိန်းကို လျှပ်စစ် စွမ်းအား ဝန်ကြီးဌာန ၊ လျှပ်စစ် စွမ်းအား စီမံရေး ဦးစီး ဌာနနှင့် ပြင်သစ် အစိုးရပိုင် ကုမ္ပဏီ ဖြစ်သော ELECTRICITE DE FRANCE(EDF) တို့အကြား Public Private Partnership(PPP) စနစ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရန် နားလည်မှု စာချွန်လွှာ(MoU) ကို လက်မှတ်ရေးထိုးလိုက်ကြောင်း သိရသည်။

ရွှေလီ(၃) ရေအား လျှပ်စစ် စီမံကိန်းမှ ထွက်ရှိလာသော လျှပ်စစ် ဓာတ်အား မဂ္ဂါဝပ် ၁၀၅၀ ကို ပြည်ပနိုင်ငံများသို့ရောင်းချသွားမည် မဟုတ်ဘဲ နိုင်ငံတော် ဓာတ်အား စနစ်မှ တဆင့် ပြည်တွင်း၌သာ ဖြန့်ဖြူးသွားမည် ဖြစ်ကြောင်း သိရသည်။

ထိုစီမံကိန်း၏ ရင်းနှီးမြှုပ်နှံမှု ပုံစံမှာ မတည်ငွေ(Equity) ၃၀ ရာခိုင်နှုန်း နှင့် ချေးငွေ (Loan) ၇၀ ရာခိုင်နှုန်းဖြင့် ဆောင်ရွက်သွားမည် ဖြစ်ပြီး စီမံကိန်း အတွက် အမေရိကန် ဒေါ်လာ ၁၄၁၂ သန်းခန့်ကုန်ကျမည် ဖြစ်ကြောင်း သိရသည်။

ရွှေလီ(၃) ရေအား လျှပ်စစ် စီမံကိန်းသည် ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်မြို့၏ မြောက်ဘက် ၁၂ မိုင်ခန့်အကွာ ရွှေလီမြစ်ပေါ်တွင် တည်ရှိပြီး စီမံကိန်းကို နိုင်ငံတော်၏ ခွင့်ပြု ရန်ပုံငွေဖြင့် ဝန်ကြီးဌာနမှ ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေး နှစ်က စတင်ပြီး ဆောင်ရွက်လျက် ရှိရာ စီမံကိန်း တစ်ခုလုံး၏ ၉.၉၂ ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.