Connect with us

Science & Technology

ပြည်တွင်း၌ လူကြည့် အများဆုံး ဖေ့စ်ဘွတ်ခ်တွင် နံပါတ်လေး၌ ရပ်တည်နေသော ရိုးရာလေး ဖေ့ဘွတ်ခ် စာမျက်နှာ လိမ်လည် ခံရပြီး ငွေညှစ်မူ ဖြစ်ပွား

လိမ်လည် ခံရသည့် ရိုးရာလေး ဖေ့ဘွတ်ခ် စာမျက်နှာ အားမြင်တွေ့ရစဉ်(ဓာတ်ပုံ-ရိုးရာလေး ဖေ့ဘွတ်ခ် စာမျက်နှာ)

ရန်ကုန် ၊ သြဂုတ် ၂၅ ရက်(ဆင်ဟွာ)

ပြည်တွင်း၌ လူကြည့် အများဆုံး ဖေ့စ်ဘွတ်ခ်တွင် နံပါတ်လေး၌ ရပ်တည်နေသော ရိုးရာလေး ဖေ့ဘွတ်ခ် စာမျက်နှာ သည် Kelly Lee အကောင့်အမည် နိုင်ငံခြားသား တစ်ဦးမှ Profile အတုဖြင့် ဖေ့စ်ဘွတ်ခ်မှ ဝန်ထမ်း တစ်ဦး ဟန်ဆောင်ကာ လိမ်လည်ခဲ့ပြီး ငွေတောင်းမှု ဖြစ်ပွားခဲ့ကြောင်း သတင်း ရရှိပါတယ်။

ထို အကြောင်းအရာ နှင့် ပတ်သတ်၍ ရိုးရာလေးမှ Admin တစ်ဦးဖြစ်သူ ကိုအောင်ခမ်း မှ “သြဂုတ်လ ၁၈ ရက်နေ့က ရိုးရာလေး Page ကို Verify လုပ်ပေးမယ် Admin ထဲ ထည့်ပေးပါ ဆိုပြီး စာပို့လာပါတယ်။ သူ့ Profile ကို ဝင်ကြည့်တော့ အမေရိကန် နိုင်ငံသား ဖေ့စ်ဘွတ်ခ်မှာ အလုပ် လုပ်နေတယ် ဆိုတာကို တွေ့တာကို ယုံပြီး လက်ခံလိုက်တဲ့ အခါမှာ အခုလို ဖြစ်သွားတာပါ ” ဟု ဆင်ဟွာ သတင်းဌာန သို့ ပြောကြာခဲ့သည်။

လိမ်လည်သူ ဖေ့စ်ဘွတ်ခ် အကောင့်ပိုင်ရှင် Kelly Lee သည် နိုင်ငံခြားသူ တစ်ယောက်၏ ဓာတ်ပုံ တင်ထား ပြီး ဖေ့ဘွတ်ခ်တွင် အလုပ် လုပ်တဲ့ပုံ အချို့ကိုလည်း တင်ထားတဲ့ အတွက်ကြောင့် အသုံးပြုသူ အမှန် ဟုတ်၊ မဟုတ်ကို မသိနိုင်ကြောင်း ၎င်းက ပြောကြားသည်။

“ဖေ့စ်ဘွတ်ခ် အကောင့်ပိုင်ရှင် Kelly Lee ကို Admin အဖွဲ့ထဲမှာလည်း ထည့်ပေးလိုက်ရော ကျွန်တော်တို့ကို Admin ဖြုတ်ပြီး ပထမ Myanmar News Room သို့ နာမည်ပြောင်းတယ် အခုတော့ Myanmar News Alert နာမည်အသစ်ပြောင်းပြီး ယူသွားတာပါ။ ဒါကြောင့် အဲဒီ https://www.facebook.com/MyanmarNewsAlerts ကနေ တက်လာတဲ့ သတင်းတွေဟာ ကျွန်တော်တို့ ရိုးရာလေးမှ တင်တဲ့ သတင်းတွေလည်း မဟုတ်ပါဘူး။ ဒီအတွက်ကြောင့် စာဖတ်သူတွေ ဝေါ်ပေါ်သို့ သတင်းတွေ တက်လာရင်လည်း ကွန်မန့်ဘောက်မှာ ပေ့ချ်လိမ်လည်သူတွေ ဖြစ်ကြောင်း အများသိအောင် ကွန်းမန့် ပေးစေချင်ပါတယ်” ဟု ကိုအောင်ခမ်းက ဆက်ပြောပါတယ်။

လိမ်လည်သူဟာ ငွေပေးရင် ပေ့ချ် ပြန်ပေးမယ် ငွေကို အရင် လွဲရမယ်လို့ အကျပ်ကိုင် ငွေညှစ်ခဲ့ကြောင်း ၊ Page အက်မင် ပြန်မရနိုင်လို့ ဖေ့စ်ဘွတ်ခ်ကို အကြောင်းကြားပြီး သူ့အကောင့်ကို Report လုပ်တာ ပျက်သွားပေမယ့် Page ကလည်း ပြန်မရသေးကြောင်း ၊ ဖေ့ဘွတ်က တာဝန်ရှိတဲ့ သူအားလုံးနဲ့ ချိတ်ဆက်ပြီး ပြန်လည် ရရှိအောင် ကြိုးစားနေကြောင်း သိရှိရပါသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.