Connect with us

Science & Technology

လွှတ်တော်မှ အတည်ပြုခဲ့သည့် ချေးငွေဖြင့် အဲယားကွန်း ရထား တွဲသစ်များ ထပ်မံ ဝယ်ယူရန် ဆောင်ရွက်မည်

ရန်ကုန် မြို့ပတ် အဲယားကွန်းရထား (ဓာတ်ပုံ-မြဝတီ)

ရန်ကုန်၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ)

ရန်ကုန် မြို့ပတ် ရထားလမ်းပိုင်း များကို အဆင့်မြှင့်တင် နိုင်ရန် နိုင်ငံတော် ဘတ်ဂျက်ဖြင့် ဆောင်ရွက်နေသည့် အပြင် အချက်ပြ စနစ် တပ်ဆင်ရန်နှင့် အဲယားကွန်း ရထား(တွဲသစ်) များ ထပ်မံ ဝယ်ယူနိုင်ရန် လွှတ်တော်မှ ခွင့်ပြုထားသည့် ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၂ဝဝ ကျော်ဖြင့် အသုံးပြုသွားမည် ဖြစ်ကြောင်း မြန်မာ့မီးရထား (အောက်မြန်မာပြည်) မှ သိရသည်။

”မြို့ပတ် လမ်းပိုင်းမှာ သံလမ်းပိုင်း ပြုပြင်မှုတွေကိုတော့ မြန်မာ့မီးရထား ဘတ်ဂျက်နဲ့ လုပ်ဆောင်နေတာ ဖြစ်ပြီး ၊ ချေးငွေနဲ့ အဲယားကွန်း တွဲဆိုင်း အသစ်တွေ ထပ်မှာ မှာဖြစ်ပါတယ်။ လက်ရှိ လုပ်နေတာတွေကတော့ ရန်ကုန် ဘူတာကြီးနဲ့ ကြည့်မြင်တိုင် ဘူတာကြားမှာ ရှိတဲ့ လေးချောင်းစပ် သံလမ်းလွှဲတွေကို လုပ်နေပါတယ်” ဟု မြန်မာ့မီးရထား (အောက်မြန်မာပြည်) မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

မြို့ပတ် ရထားလမ်းပိုင်းများ အဆင့် မြှင့်တင်နိုင်ရန် နိုင်ငံတော် ဘတ်ဂျက်များဖြင့် ဆောင်ရွက်နေပြီး ရန်ကုန်ဘူတာကြီး နယ်မြေပေါ်တွင် ရထား လုပ်ငန်းများနှင့် ဆက်စပ်လျက်ရှိသည့် စီးပွားရေး လုပ်ငန်းများ၊ အဆင့်မြင့် အဆောက်အအုံ လုပ်ငန်းများ၊ ပို့ဆောင် ဆက်သွယ်ရေး လုပ်ငန်းများ ပါဝင်မည့် စီမံကိန်း တစ်ရပ်ကိုလည်း လုပ်ဆောင်နိုင်ရန် တင်ဒါများ ပြန်လည် ခေါ်ယူသွားမည် ဖြစ်ကြောင်း သိရသည်။

မြို့ပတ် ရထားများတွင် ရှိသည့် တွဲဆိုင်းများကို လဲလှယ်ခြင်းနှင့် အဲယားကွန်း ရထားများ ပြောင်းလဲ တပ်ဆင်ခြင်း များကို ၂ဝ၁၃ ခုနှစ်တွင် စတင်ခဲ့ကာ လက်မှတ်ခ ဈေးနှုန်းများကိုပါ ပြောင်းလဲ သတ်မှတ်ခဲ့ရာ ယခင်က မြို့တစ်ပတ်လျှင် ကျပ် ၁ဝဝ၊ မြို့တစ်ပိုင်းလျှင် ကျပ် ၅ဝ သတ်မှတ်ခဲ့ရာမှ အဲယားကွန်းရထား လက်မှတ် နှုန်းထားမှာ ကျပ် ၃ဝဝ၊ ရိုးရိုးရထား လက်မှတ် နှုန်းထားမှာ ကျပ် ၂ဝဝ ပြောင်းလဲ သတ်မှတ်ခဲ့သည်။

နေ့စဉ် မြို့ပတ်ရထား ပြေးဆွဲမှု ၂၂၅ ခေါက်ရှိရာ တွဲဆိုင်း ၂၅ ဆိုင်းဖြင့် ပြေးဆွဲပေးလျက်ရှိပြီး ခရီးသည် ဦးရေ ၈ဝ,ဝဝဝ နှင့် ၁ဝဝ,ဝဝဝ ဝန်းကျင်ရှိကြောင်း မြန်မာ့ မီးရထားမှ သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117