Connect with us

Science & Technology

မြန်မာနိုင်ငံမိုဘိုင်းဖုန်း သုံးစွဲမှု တစ်နှစ်အတွင်း အလုံးရေ ငါးသိန်းခွဲခန့် တိုးတက်

ပြည်သူတစ်ဦး မိုဘိုင်းဖုန်းသုံးစွဲနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ မေလ ၂၁ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံ၏ မိုဘိုင်းဖုန်းသုံးစွဲမှုမှာ တစ်နှစ်တာအတွင်း အလုံးရေ ငါးသိန်းခွဲခန့် တိုးလာသည်ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဝင်းခန့်က ယနေ့ညနေ သတင်းစာ ရှင်းပွဲ၌ ပြောကြားသည်။

“ဆက်သွယ်ရေး ကဏ္ဍမှာ ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေ များစွာ ဝင်ရောက်လာခဲ့ပြီး ယနေ့ မြန်မာနိုင်ငံရဲ့ မိုဘိုင်းဖုန်း သုံးစွဲနိုင်မှုက ၁၁၀ဒသမ ၄၃ ရာခိုင်နှုန်းခန့်အထိရောက်နေပါပြီ၊ ၂၀၁၆ ခုနှစ် မတ်လအထိ ရှိခဲ့တဲ့ မိုဘိုင်းဖုန်း သုံးစွဲနိုင်မှု ၈၆ ဒသမ ၂ ရာခိုင်နှုန်းနဲ့နှိုင်းရင်ပဲ ၂၂ ရာခိုင်နှုန်း တိုးတက်လာခဲ့ပါတယ်” ဟု ၎င်းက ပြောခဲ့သည်။

မိုဘိုင်းဖုန်း သုံးစွဲမှု မှာ ၂၀၁၅ -၁၆ ဘဏ္ဍာနှစ်၌ အလုံးရေ ၄၄၅၆၄၈၈၆ လုံး၊ ၂၀၁၆ -၁၇ ဘဏ္ဍာနှစ်၌ ၅၆၃၁၅၀၃၈ လုံးနှင့် ၂၀၁၇ – ၁၈ ဘဏ္ဍာနှစ်တွင် ၅၆၈၅၅၃၂၇ လုံး ရှိကြောင်း ၎င်းက ရှင်းပြသည်။ အဆိုပါ ဖုန်းများအနက် MPT အော်တိုဖုန်း – ၅၂၀၂၁၆ လုံး၊ MPT မိုဘိုင်း-၂၈၅၆၉၅၂၂ လုံး၊ အူရီဒူး – ၈၂၉၀၅၈၉ လုံးနှင့် တယ်လီနော – ၁၉၄၇၅၀၀၀ လုံး တို့ ဖြစ်ကြောင်း သိရသည်။

ဆက်သွယ်ရေး အော်ပရေတာများက ဆက်သွယ်ရေး တာဝါတိုင်များ တည်ဆောက်ထားရှိမှု သည်လည်း နှစ်စဉ် တိုးတက်လျက်၇ှိရာ ၂၀၁၅ -၁၆ ဘာနှစ်တွင် တာဝါတိုင် ၁၀၁၉၃ တိုင်၊ ၂၀၁၆ – ၁၇ ဘဏ္ဍာနှစ်တွင် ၁၅၁၈၃ တိုင်နှင့်၂၀၁၇ – ၁၈ တွင်တာဝါတိုင် ၁၉၀၉၀ တိုင် အထိ ၇ှိလာပြီး နောက်ထပ် တာဝါတိုင် ၄၅၀ ခန့်မှာ တည်ဆောက်နေဆဲဖြစ်ကြောင်း၊ အပြည်ပြည်ဆိုင်ရာ အင်တာ နက် Bandwidth ချိတ်ဆက်မှုသည်လည်း၂၀၁၅ -၁၆ တွင် ၅၅ ဒသမ ၈၂ Gbps, ၂၀၁၆ – ၁၇ တွင် ၂၀၆ ဒသမ ၁ Gbps နှင့် ၂၀၁၇ – ၁၈ တွင် ၃၂၄ ဒသမ ၁၀ Gbps အထိ တိုးတက်ရောက်ရှိ လာ ကြောင်း ၎င်းက ၇ှင်းပြခဲ့သည်။ဆက်သွယ်ရေး အော်ပရေတာများထံမှ လိုင်းနှုန်းစဉ်ကြေး ရရှိမှုမှာလည်း ၂၀၁၈ ခုနှစ် ဧပြီလကုန်အထိ အမေရိကန် ဒေါ်လာ ၂ဒသမ ၂ ဘီလျံကျော် (ဒေါ်လာ သန်း ၂၂၀၀ ဒသမ ၆၂၅ သန်း) ရရှိခဲ့ကြောင်း၊ အဆိုပါ ဝင်ငွေတွင် အစိုးရသစ်ကာလအတွင်း ရရှိခဲ့သည့် အမေရိကန်ဒေါ်လာ ၇၀၅ ဒသမ ၁၂၅ သန်းလည်း ပါဝင်ကြောင်း သိရသည်။ (Xinhua)