Connect with us

Science & Technology

ရန်ကုန်မြို့ ပြည်လမ်း စိုက်ပျိုးရေးမှတ်တိုင်အနီးတွင် မြန်မာငွေကျပ် ၂ ဒသမ ၁၅ ဘီလီယံခန့် ကုန်ကျနိုင်မည့် မြေအောက်ဥမင်လျှောက်လမ်း ဖောက်လုပ်မည် 

မြေအောက်ဥမင်လျှောက်လမ်းဖောက်လုပ်မည့် အစည်းအဝေးကျင်းပစဉ် (ဓာတ်ပုံ-- MOI)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈ ရက် (ဆင်ဟွာ) 

ရန်ကုန်မြို့ ပြည်လမ်း စိုက်ပျိုးရေးမှတ်တိုင်အနီးတွင် မြန်မာငွေကျပ် ၂ ဒသမ ၁၅ ဘီလီယံခန့်  ကုန်ကျနိုင်မည့် မြေအောက်ဥမင်လျှောက်လမ်း ဖောက်လုပ်ရန် အတွက် တည်ဆောက်ရေးလုပ်ငန်းများကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ယူဆောက်လုပ်လျက်ရှိပြီး ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလတွင် ဥမင်လုပ်ငန်း အဆုံးသတ်နိုင်မည်ဟု ခန့်မှန်းထားကြောင်း ပြန်ကြားရေးဝန်ကြီးဌာန က ဖေဖော်ဝါရီ ၁၈ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။ 

အဆိုပါမြေအောက်ဥမင်လျှောက်လမ်းဖောက်လုပ်ရန်အတွက် ဖေဖော်ဝါရီ ၂၁ ရက်မှစတင်၍ ယာဉ်သွားလမ်းများ လျှော့ချကာ လုပ်ငန်းဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။ ပြည်လမ်းမကြီးအကျယ်မှာ ၇၇ ပေရှိပြီး မြေအောက်ဥမင်လျှောက်လမ်းကို ပြည်လမ်းမအောက်မှ ဖောက်လုပ်မည် ဖြစ်ကြောင်း သိရသည်။ လမ်းဖောက်လုပ်နေစဉ် အသွား သုံးလမ်း၊ အပြန် နှစ်လမ်းကို နံနက်/ညနေ ပြောင်းလဲ သတ်မှတ်ပေးမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ 

မြေအောက်ဥမင်လျှောက်လမ်းကို အမြင့် ၁၀ ပေ ထားရှိဖောက်လုပ်မည်ဖြစ်ပြီး ဥမင်အတွင်း ဈေးဆိုင်ခန်းများကိုလည်း ထည့်သွင်း တည်ဆောက်မည်ဖြစ်ကာ မသန်စွမ်း သူများအသုံးပြု နိုင်ရန်အတွက် ဓာတ်လှေကားများ တပ်ဆင်ပေးမည်ဖြစ်ကြောင်း သိရသည်။ ဥမင် တည်ဆောက်ရာတွင် ငလျင်ဒဏ်ခံနိုင်ရေးအတွက်ကိုလည်း ထည့်သွင်းတွက်ချက်ထားပြီး လျှပ်စစ်နှင့် ပတ်သက်၍ အရေးပေါ်လိုအပ်ပါက အလိုအလျောက်မောင်းနှင်နိုင် သော မီးစက်များ တပ်ဆင်ထားမည်ဖြစ်ကြောင်း သိရသည်။မြေအောက်ဥမင်လျှောက်လမ်း ဖောက်လုပ်ရန်အတွက် မြေပြင်အကြိုလုပ်ငန်းများကို ဖေဖော်ဝါရီလဆန်းပိုင်းမှ စတင်ခဲ့ပြီး ယခုအခါ ဆောက်လုပ်ရေးလုပ်ငန်းခွင် အနီးအနားရှိ သစ်ပင်ပေါင်း ၄၆ ပင်ကို နေရာပြောင်းရွှေ့ စိုက်ပျိုးပြီးဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.