Connect with us

Science & Technology

သုံးနှစ်အတွင်း ရပ်ရွာအခြေပြု အင်တာနက် စင်တာ ၂၀၀ အိုင်စီတီ ဖွံ့ဖြိုးရေး အဖွဲ့အစည်းက ဖွင့်လှစ်မည်

တပ်မတော်ခန်းမတွင် ပြုလုပ်သော ICT ပြပွဲ မြင်ကွင်း (ဆင်ဟွာ)

ရန်ကုန်၊ ဧပြီ ၂၉ ရက် (ဆင်ဟွာ)

မြို့ပြသာမက ကျေးလက်တွင်ပါ အင်တာနက် သုံးစွဲနိုင် စေရေး အတွက် ရပ်ရွာ အခြေပြု အင်တာနက် စင်တာ ပေါင်း ၂ဝဝ ခန့်ကို မြန်မာနိုင်ငံ တစ်ဝန်းလုံး၌ ဖွင့်လှစ်ရန် အစီအစဉ် ရှိကြောင်း Myanmar ICT Development Organization မှ သိရသည်။

စီမံချက်ကာလကို ၂ဝ၁၅ ခုနှစ်မှ ၂ဝ၁၈ ခုနှစ်အထိ သတ်မှတ်ထားပြီး ကျေးလက်၊ မြို့ပြ ပြည်သူများ အားလုံး ဒီဂျစ်တယ် နည်းပညာများနှင့် ရင်းနှီး ကျွမ်းဝင်မှု ရရှိလာကာ အင်တာနက် အသုံးပြုမှုမှ တစ်ဆင့် စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးနှင့် ပညာရေး ကဏ္ဍများ အားလုံးတွင် ကျယ်ပြန့်စွာ လေ့လာနိုင်ရန် အတွက် ယခုကဲ့သို့ ရည်ရွယ် ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း သိရှိရသည်။

ထို့အပြင် စင်တာများတွင် အင်္ဂလိပ်စာ သင်တန်းများကို အွန်လိုင်းမှ တစ်ဆင့် သင်ယူနိုင်ရေး အတွက် ဗြိတိသျှကောင်စီမှ ပံ့ပိုးပေး သွားမည် ဖြစ်ခြင်းကြောင့် သင်ယူ လေ့လာမှုများလည်း တစ်ပြိုင်နက် ပြုလုပ်နိုင်မည် ဖြစ်ကြောင်း သိရသည်။

စီမံချက် သုံးနှစ်တာ ကာလအတွင်း စင်တာပေါင်း ၂ဝဝခန့်ကို ဖွင့်လှစ်ရန် ရည်ရွယ် ထားပြီး ယခုနှစ်တွင် စင်တာ ၁၅ဝ၊ ၂ဝ၁၆-၂ဝ၁၇ ခုနှစ်နှင့် ၂ဝ၁၇-၂ဝ၁၈ ခုနှစ်တွင် စင်တာ ၅ဝ တို့ကို ဖွင့်လှစ်ပေး သွားမည် ဖြစ်သည်။

ယခုအခါ ရန်ကုန်တိုင်း ဒေသကြီး လှိုင်သာယာ၊ ဒလနှင့် မင်္ဂလာဒုံ မြို့နယ်များ၊ မန္တလေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီးနှင့် ကရင်ပြည်နယ် တို့တွင် ၁၃ ခုခန့် ဖွင့်လှစ် နိုင်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.