Connect with us

Science & Technology

ပရိုပိန်းရေနံဓာတ်ငွေ့ရည် နှင့် ဗြူတိန်းရေနံဓာတ်ငွေ့ရည်တို့အား တင်ဒါစနစ်ဖြင့် ရောင်းချသွားမည်

လျှပ်စစ် နှင့် စွမ်းအင်ဝန်ကြီးဌာန မှ ကြေညာချက်အားတွေ့ရစဉ် (ဓာတ်ပုံ-- လျှပ်စစ် နှင့် စွမ်းအင်ဝန်ကြီးဌာန)

ရန်ကုန်၊ သြဂုတ် ၁၂ ရက် (ဆင်ဟွာ)

အမှတ် (၁) ရေနံဓာတ်ငွေ့ရည်စက်ရုံ မင်းဘူး ၊အမှတ် (၂) ရေနံဓာတ်ငွေ့ရည်စက်ရုံ ညောင်တုန်း နှင့် ရေနံဓာတုဗေဒစက်ရုံစု (သံပုရာကန်) တို့မှ ပရိုပိန်းရေနံဓာတ်ငွေ့ရည် နှင့် ဗြူတိန်းရေနံဓာတ်ငွေ့ရည်တို့အား တင်ဒါစနစ်ဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်း လျှပ်စစ် နှင့် စွမ်းအင်ဝန်ကြီးဌာန မှ ကြေညာချက် ထုတ်ပြန်သည်။

အမှတ် (၁) ရေနံဓာတ်ငွေ့ရည်စက်ရုံ မင်းဘူးမှ ပရိုပိန်းရေနံဓာတ်ငွေ့ရည် ၁၀၀ တန်၊ ဗြူတိန်းရေနံဓာတ်ငွေ့ရည် ၁၀၀ တန်၊ အမှတ် (၂) ရေနံဓာတ်ငွေ့ရည်စက်ရုံ ညောင်တုန်း မှ ပရိုပိန်းရေနံဓာတ်ငွေ့ရည် ၁၀၀ တန်၊ ရေနံဓာတုဗေဒစက်ရုံစု (သံပုရာကန်) မှ ဗြူတိန်း ရေနံဓာတ်ငွေ့ရည် ၂၀၀ တန် တို့အား တင်ဒါစနစ်ဖြင့် ရောင်းချသွားမည်ဖြစ်သည်။
လျှပ်စစ် နှင့် စွမ်းအင်ဝန်ကြီးဌာန မှ ထုတ်ပေးထားသည့် ရေနံဓာတ်ငွေ့ရည် တင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးရောင်းချခွင့် လိုင်စင် (ခ) လက်ဝယ်ရှိသူများ အဆိုပြုလွှာတင်သွင်းနိုင်ကြောင်း၊ အသေးစိတ် သိရှိလိုပါက မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း၊ ကုန်ထုတ်လုပ်မှုဌာန၊ ဖုန်း-၀၆၇-၄၁၁၁၉၄ သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117