Connect with us

Science & Technology

မောင်တောမြို့တွင် ၂၀၁၈ခုနှစ် ဒီဇင်ဘာ၌ လျှပ်စစ်ဓာတ်အား ရရှိမည်

လျှပ်စစ်ဓာတ်အားပေး တာဝါတိုင်များအား တွေ့ရစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန်၊ အောက်တိုဘာ ၂၀ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာလတွင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက် လျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

၂ဝ၃ဝ ပြည့်နှစ်တွင် တစ်နိုင်ငံလုံးလျှပ်စစ်ဓာတ်အားရရှိရေးကို လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိရာ မောင်တောဒေသကိုလည်း ၂၀၁၈ခုနှစ်တွင် လျှပ်စစ်ဓာတ်အားပေးမည်ဖြစ်ကြောင်း သိရသည်။

မောင်တောမြို့ပေါ်အတွက် နိုင်ငံတော်ဓာတ်အားစနစ်မှ ဓာတ်အား အရန်သင့်ပို့လွှတ်နိုင်ရန်အတွက် ယခုနှစ်တွင် ထရန်စဖော်မာ တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ပြီး မောင်တောဒေသ အတွက် ထရန် စဖော်မာလေးငါးလုံးခန့် တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။

မောင်တောမြို့ပေါ် လျှပ်စစ်မီး ရရှိပြီးလျှင် မြို့နားနီးသည့် ကျေးရွာ ၁၅ ရွာကို လည်း လျှပ်စစ်မီး ရရှိရန် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် မောင်တောခရိုင် လျှပ်စစ်ဓာတ်အားရရှိရေးအတွက် ပုဏ္ဏား ကျွန်း-ရသေ့တောင်-ဘူးသီးတောင်-မောင်တော စသည်ဖြင့် နိုင်ငံတော် ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားပို့လွှတ်နိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

မောင်တောမြို့နယ်တွင် ကျေးရွာ ၁၅ ရွာနှင့် ဘူးသီးတောင် မြို့နယ်တွင် ကျေးရွာ ၁၁ ရွာတို့အား လျှပ်စစ်မီး ရရှိရေး ဆောင်ရွက် သွား မည်ဖြစ်ကြောင်းလည်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.