Connect with us

Science & Technology

ရန်ကုန်မြို့ပတ် ရထားလမ်း အဆင့်မြှင့်တင်ခြင်း နှစ်တိုစီမံကိန်း အကောင်အထည်ဖော်မည်

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသော မြို့ပတ်ရထား တစ်စီးအား တွေ့ရစဉ် (ဓာတ်ပုံ-မြဝတီ)

ရန်ကုန်၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ)

ရန်ကုန်မြို့ပတ် ရထားလမ်း အဆင့်မြှင့် တင်ခြင်း လုပ်ငန်းကို နှစ်တို စီမံကိန်း ကာလဖြစ်သည့် ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် အတွင်း စတင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပြီး အဆိုပါ ရန်ကုန်မြို့ပတ်နှင့် ဆင်ခြေဖုံး ရထားလမ်းများ အဆင့်မြှင့်တင်ရန် ရထားလမ်း တစ်လျှောက်ရှိ ကျူးကျော် နေအိမ်များကို ယခုလအပြီး စစ်တမ်းကောက် ယူကာ စနစ်တကျ နေရာ ရွှေ့ပြောင်း ဖယ်ရှားပေးမည် ဖြစ်ကြောင်း မြန်မာ့မီးရထား (အောက် မြန်မာပြည်) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ ရထားလမ်း တစ်လျှောက်ရှိ နေအိမ်များအား စစ်တမ်းကောက်ယူ မှုများကို အပိုင်းလိုက် လုပ်ဆောင်နေပြီး ဖျက်သိမ်းသင့်သော နေရာများကို စနစ်တကျ ရွှေ့ပြောင်းဖယ်ရှား ပေးသွားမည် ဖြစ်ကြောင်း၊ ရရှိသော စစ်တမ်းများကို ယခုလကုန် ပိုင်းတွင် စာရင်းချုပ်ကာ ရထားလမ်း အဆင့်မြှင့်တင်ရေး အတွက် အစီရင်ခံစာ တင်ပြသွားမည် ဖြစ်ကြောင်း၊ အထူးသဖြင့် လမ်းအဆင့်မြှင့်တင် မှုတွင် ထိခိုက်နစ်နာ နိုင်သော ကျူးကျော်မှုများ အပါအဝင် အိမ်များကို စာရင်းကောက်ယူ ခြင်းမျိုး ဖြစ်ပြီး လက်ရှိစာရင်း ကောက်ယူ နေသည့်အချိန်တွင် တိုးပွားနေမှု များလည်း ရှိနေကြောင်း သိရသည်။

ရထားလမ်း တစ်လျှောက်တွင် ရထားလမ်းကူး ခုံးကျော်တံတား ၁ဝ ခုကို ပြန်လည် ပြုပြင် တည်ဆောက်ခြင်း၊ ရထားနှင့် ကားလမ်းကူး လမ်းဆုံရှိ ဂိတ် ၂၁ ခုကို အလိုအလျောက် ဖွင့်/ပိတ် လုပ်နိုင်သည့် အော်တိုဂိတ်များ အဖြစ် ပြောင်းလဲရန် စီစဉ်ခြင်း၊ ကြည့်မြင်တိုင်၊ တညင်းကုန်း၊ အင်းစိန်၊ မင်္ဂလာဒုံ နှင့် ပုရွက်ဆိတ်ကုန်း ဘူတာတို့ကို လည်း အဆင့်မြှင့်တင် ပြုပြင်ခြင်း ဆောင်ရွက်မည် ဖြစ်သည်။

ရန်ကုန်မြို့ပတ် ရထား အဆင့်မြှင့်တင် ရာတွင် စီမံကိန်းကာလ သုံးခု သတ်မှတ်ထားပြီး နှစ်တိုကာလကို ၂ဝ၁၈ ခုနှစ်အထိ သတ်မှတ်ထားပြီး နှစ်လတ်ကာလ ကို ၂ဝ၂၅ ခုနှစ်အထိ သတ်မှတ်ကာ နှစ်ရှည် ကာလကို ၂ဝ၃၅ ခုနှစ်အထိ သတ်မှတ် လျာထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.