Connect with us

Science & Technology

မန္တလေး- ပြင်ဦးလွင် လမ်းသစ် ဖောက်လုပ်မှုကို Hyundai ကုမ္ပဏီက နည်းပညာပိုင်း အကူအညီ ပေးမည်

Hyundai ဝက်ဆိုက်အား တွေ့ရစဉ် (ဓာတ်ပုံ-- Hyundai Myanmar Website )

ရန်ကုန်၊ ဇူလိုင် ၂၈ ရက် (ဆင်ဟွာ)

မန္တလေး- ပြင်ဦးလွင် လမ်းသစ် ဖောက်လုပ်မှုကို လက်ရှိတွင် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိရာ လမ်းအူကြောင်း ဖောက်လုပ်မှု ကဏ္ဍအပိုင်းကို တောင်ကိုရီးယား နိုင်ငံမှ Hyundai ကုမ္ပဏီက နည်းပညာပိုင်း အကူအညီ ပေးသွားမည် ဖြစ်ကြောင်း ယင်းလမ်းကို ဖောက်လုပ် နေသည့် Axiom Mandalay Highway Construction ကုမ္ပဏီ လီမိတက်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

Hyundai ကုမ္ပဏီက ယင်းလုပ်ငန်း ကဏ္ဍအပိုင်းကို လုပ်ကိုင်ရန် အင်ဂျင်နီယာ Mrs. Kim Yeong Min နှင့်အဖွဲ့မှ ဇူလိုင်လ ၂၄ ရက်တွင် ယင်းလမ်းပိုင်းများကို ကွင်းဆင်း လေ့လာမှု ပြုလုပ်ထားပြီး ဖြစ်ကြောင်း
ယင်း လမ်းအူကြောင်းတွင် ရှိသည့် တောင်အား ဥမင်လိုဏ်ခေါင်း ဖောက်လုပ်မည့် အစီအစဉ်ကို ယခုလကုန်ပိုင်း မှစ၍ Hyundai ကုမ္ပဏီမှ အကောင် အထည်ဖော် ဖောက်လုပ် နေသည့် ပြည်တွင်း ကုမ္ပဏီနှင့် ပူးပေါင်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ဆိုသည်။

ယင်း လမ်းသစ်သည် စုစုပေါင်း လမ်းပိုင်း အရှည် မိုင် ၂ဝ ခန့်ရှိရာ ကတ္တရာလမ်း အကျယ် ၂၄ ပေ၊ လမ်းပခုံးသား တစ်ဖက်လျှင် သုံးပေနှင့် ရေဆင်းမြောင်း အပါအဝင် ပေ ၅ဝ ကျယ်မည် ဖြစ်ပြီး ပုသိမ်ကြီးမြို့နယ် အတွင်း လမ်းအရှည် နှစ်မိုင်၊ ကတ္တရာလမ်း နှင့် မြေသားလမ်း လေးမိုင်၊ ပြင်ဦးလွင် မြို့နယ် အနီးစခန်းနှင့် တိုးကြီးကုန်း ကျေးရွာအထိ လမ်းအူကြောင်း ဖောက်လုပ်မည် ဖြစ်ပြီး အနီးစခန်း အနီး၌ မူလလမ်းဟောင်း နှင့် ပြန်လည် ပေါင်းဆုံမည် ဖြစ်ကြောင်း သိရသည်။

ယင်းလမ်းသစ်ကို အသုံးပြုမည့် ယာဉ်များ အနေဖြင့် တံတား ၁ဝ စင်းကို ဖြတ်သန်း ရမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.