Connect with us

Science & Technology

ASEAN ICT Awards ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှလုပ်ငန်းရှင်များ ပါဝင်ယှဉ်ပြိုင်နိုင်ရန် ဖိတ်ခေါ်

ASEAN ICT Awards ၂၀၁၆ ပြိုင်ပွဲအားယှဉ်ပြိုင်ရန် ကြေညာ၍ဖိတ်ခေါ်ထားမှုအားတွေ့ရစဉ် (ဓာတ်ပုံ-- ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန)

ရန်ကုန် ၊ ဧပြီ ၁၉ရက် (ဆင်ဟွာ)

အာဆီယံဒေသတွင်း ICT နည်းပညာဆိုင်ရာ တီထွင်ဆန်းသစ်မှုများအတွက် ASEAN ICT Master plan အရ TELMIN နှင့် ASEAN Telecommunication and Information Technology Senior Officials Meeting (TELSOM) ၏စီစဉ်ဆောင်ရွက်မှုအောက်တွင် ASEAN ICT Awards ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှလုပ်ငန်းရှင်များ ပါဝင်ယှဉ်ပြိုင်နိုင်ကြောင်း ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မှ သတင်းထုတ်ပြန်သည်။

TELMIN အစည်းအဝေးအလှည့်ကျ သဘာပတိအဖြစ်တာဝန်ယူဆောင်ရွက်မည့် ဘရူနိုင်းနိုင်ငံမှ တာဝန်ယူဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။ ပြိုင်ပွဲအား အဆင့်(၄)ဆင့်ဖြင့် ပြုလုပ်ထားပြီး ပထမအဆင့်တွင် ယှဉ်ပြိုင်သူများသည် ပြိုင်ပွဲဝင်အချက်အလက်များကို သက်ဆိုင်ရာ Country Coordinator မှတဆင့် TELSOM သို့ ပေးပို့လျှောက်ထားရမည်ဖြစ်ပါသည်။
ဒုတိယအဆင့်တွင် ပဏာမရွေးချယ် စိစစ် ထားသည့် ပြိုင်ပွဲဝင်များ၏ Presentation ကို ASEAN နိုင်ငံများ၏ ပြိုင်ပွဲအကဲဖြတ်ဒိုင်များမှ Online ဖြင့် Preliminary Judging ပြုလုပ်မည်ဖြစ်ပြီး၊ တတိယအဆင့်တွင် ASEAN TELSOM Leader များနှင့် ရွေးချယ်ခံရသူ ပြိုင်ပွဲဝင်နိုင်ငံများ၏ အကဲဖြတ်ဒိုင်တို့မှ Final Judging ပြုလုပ်ခြင်း နှင့်စတုတ္ထအဆင့် (နောက်ဆုံးအဆင့်)တွင် ဆုရရှိသူများကို ASEAN Telecommunication Ministers Meeting (TELMIN) အစည်းအဝေးကြီးတွင် ဆုပေးအပ်ချီးမြှင့်သွားမည် ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။
ပြိုင်ပွဲအမျိုးအစားအားခေါင်းစဉ် (၆) ခုဖြင့် သတ်မှတ်ထားပြီး ယင်းတို့မှာ Public Sector ၊ Private Sector
Corporate Social Responsibility ၊Digital Content ၊ Startup Company နှင့်Research and Development တို့ဖြစ်သည်။
အဆိုပါ ပြိုင်ပွဲအမျိုးအစား (၆) မျိုးအတွက် တစ်မျိုးချင်းစီတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုများ ပေးအပ်မည်ဖြစ်ပြီး ဆုရရှိသူများကို ASEAN ICT Awards ဆုတံဆိပ်နှင့် အသိအမှတ်ပြု လက်မှတ်များ ချီးမြှင့်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။
၂၀၁၆ ခုနှစ် ဇွန်လ ၁၇ ရက်နေ့အထိ Entry Form နှင့် မိမိတို့ယှဉ်ပြိုင်မည့် အကြောင်းအရာအား (၂) မိနစ်မှ (၅) မိနစ်ခန့် ဗွီဒီယိုဖိုင်အား .avi format ဖြင့်ပြုလုပ်ပေးပြီး မြန်မာနိုင်ငံ၏ ASEAN ICT Awards Country Coordinator ဖြစ်သည့်၊ ဒေါ်အေးအေးသင်း၊ e-mail – [email protected], Phone No – 01-652307 ထံသို့ ပေးပို့လျှောက်ထားရမည်ဖြစ်သည်။ ASEAN ICT Awards ၂၀၁၆ နှင့်ပတ်သက်ပြီး အသေးစိတ်အချက်အလက်များ သိရှိလိုပါက www.aseanictaward.com တွင် ဝင်ရောက်ကြည့်ရှုနိုင်ပြီး၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ အာဆီယံရေးရာဌာနခွဲ၊ ဖုန်းအမှတ် ၀၆၇-၄၀၇၂၃၁ ထံသို့လည်းကောင်း ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.