Connect with us

Science & Technology

ရုပ်မြင်သံကြားနှင့် ဗီဒီယို ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း လွှတ်တော်သို့ တင်သွင်း

ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးအောင်လှထွန်းက ရုပ်မြင်သံကြားနှင့် ဗီဒီယို ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား ပြည်သူ့  လွှတ်တော်သို့  တင်သွင်းစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇန်နဝါရီ ၂၆ ရက် (ဆင်ဟွာ)

၁၉၉၆ ခုနှစ်က ပြဌာန်းခဲ့သည့် “ရုပ်မြင်သံကြားနှင့် ဗီဒီယို ဥပဒေ (၈ / ၁၉၉၆) ” ကို ပြန်လည် ပြင်ဆင်သည့် “ရုပ်မြင် သံကြားနှင့် ဗီဒီယို ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား ပြန်ကြားရေး ဝန်ကြီးဌာန ကိုယ်စား ၎င်းဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးအောင်လှထွန်းက ပြည်သူ့လွှတ်တော်သို့ ဇန်နဝါရီလ ၂၆ ရက်က တင်သွင်းခဲ့သည်။

“ပြင်ဆင်တဲ့ ဥပဒေကြမ်းကို ပြည်ထောင်စု ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်၊ ပြန်ကြားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံးနဲ့ အခြား ဆက်နွယ်တဲ့ ဌာန အဖွဲ့အစည်းများနဲ့တာဝန် ပူးပေါင်းပြီး အကြိမ်ကြိမ် ညှိနှိုင်း ဆွေးနွေး ရေးဆွဲထားခြင်း ဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

ပြင်ဆင်ရသည့် ရည်ရွယ်ချက်များမှာ က – ရုပ်ရှင် ဥပဒေအဖြစ် အသစ်ပြန်လည် ပြဌာန်းနိုင်ခြင်း မရှိသေးမီ တည်ဆဲ ဥပဒေ ဖြစ်သော ရုပ်မြင်သံကြားနှင့် ဗီဒီယို ဥပဒေ (၈ / ၁၉၉၆) သည် ၂၀၀၈ ခုနှစ် အခြေခံ ဥပဒေနှင့် ကိုက်ညီမှု မရှိခြင်း၊ နိုင်ငံတကာ ရုပ်ရှင်ဥပဒေများနှင့် ဆီလျော်မှု မရှိခြင်း နိုင်ငံတကာတွင် ရုပ်ရှင် ဗီဒီယို ဟူ၍ ခွဲခြားမှု မရှိခြင်း၊ ခ – မြန်မာ့ ရုပ်ရှင် ဖွံ့ဖြိုး တိုးတက်ရေးအတွက် ပြုပြင် ပြောင်းလဲမှုများ ဆောင်ရွက်ရန် လိုအပ်လာသည့် အခြေအနေများ အရ ရုပ်ရှင် ဥပဒေ အသစ်အား ရေးဆွဲ အတည်ပြု ပြဌာန်းနိုင်ခြင်း မရှိသေးမီ ဗီဒီယို လုပ်ငန်း ဆိုင်ရာ ဆောင်ရွက်ချက်များကို ဥပဒေနှင့်အညီ ထိရောက်စွာ ဆောင်ရွက်နိုင်ရန် လိုအပ်ခြင်း၊ ဂ – ရုပ်မြင်သံကြားနှင့် ဗီဒီယို ဥပဒေ (၈ / ၁၉၉၆) ပါ ပြဌာန်းချက်များမှ ပြဌာန်းချက်များကို ခေတ်နှင့် အညီ တိုးမြှင့်ရန် လိုအပ်ခြင်းတို့ကြောင့် ဖြစ်ပါ ကြောင်းလည်း ဦးအောင်လှထွန်းက ရှင်းလင်း တင်ပြခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.