Connect with us

Science & Technology

အိမ်သုံး လျှပ်စစ်မီတာများအား ဈေးနှုန်း စိစစ် လျှော့ချပေးရန် ဆောင်ရွက်လျက်ရှိ

ယနေ့ ပြည်သူ့  လွှတ်တော် အစည်းအဝေးသို့ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ ကြွရောက်လာစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇန်နဝါရီ ၂၆ ရက် (ဆင်ဟွာ)

အိမ်သုံး လျှပ်စစ် မီတာများအား ၂၀၁၈ – ၁၉ ဘဏ္ဍာနှစ်မှစတင်ပြီး ဈေးနှုန်း စိစစ် လျှော့ချပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာ ထွန်းနိုင်က ယနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့သည်။

“ဈေးပြိုင်စနစ်ဖြင့် ပေးသွင်းလာသော မီတာများအနက် နည်းပညာနှင့် အရည်အသွေးကောင်းမွန်ုပြီး ဈေးနှုန်း ချိုသာသည့် မီတာများကို ဝယ်ယူရရှိနိုင်ရန် ဆောင်ရွက်လျက်ရှိရာ လာမယ့် ဘဏ္ဍာနှစ်က စပြီး အိမ်သုံး လျှပ်စစ်မီတာတွေကို ဈေးနှုန်း စိစစ် လျှော့ချပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်” ဟု ၎င်းက ပြောခဲ့သည်။

လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ထွန်းနိုင် ပြည်သူ့လွှတ်တော်၌ ဖြေကြားစဉ် (ဆင်ဟွာ)

တမူးမြို့နယ် မဲဆန္ဒနယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးနိုင်နိုင်ဝင်း၏ မြန်မာနိုင်ငံအတွင်း ဖြန့်ဝေ တပ်ဆင် အသုံးပြုနေသော အိမ်သုံး လျှပ်စစ် ဒီဂျစ်တယ်မီတာများအား ဈေးနှုန်း စိစစ် လျှော့ချပြီး ရောင်းချပေးရန် အစီအစဉ်ရှိ မရှိ မေးခွန်းအား ယနေ့ ပြည်သူ့လွှတ်တော် အစည်း အဝေး၌ ပြန်လည်ဖြေကြားရာတွင် ပြောခဲ့ခြင်း ဖြစ်ပြီး ဝန်ကြီးဌာနအနေဖြင့် တစ်နိုင်ငံလုံး အတွက် အိမ်သုံး digital မီတာ အမျိုးအစား သုံးမျိုး ခွဲခြား သတ်မှတ်ကာ ၂၀၁၇ – ၁၈ ဘဏ္ဍာရေးနှစ်တွင် ပွင့်လင်း မြင်သာမှုနှင့် မျှတသော ယှဉ်ပြိုင်မှုများ ဖြစ်စေရန် တင်ဒါခေါ်ဆို ဆောင်ရွက်ထားပါ ကြောင်းလည်း ဒုတိယ ဝန်ကြီးက ရှင်းပြခဲ့သည်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ၂၀၁၇ – ၁၈ ဘဏ္ဍာနှစ်အတွက် မီတာပေးသွင်းရေး တင်ဒါခေါ်ယူ ရွေးချယ်ခဲ့ခြင်းနှင့် ပတ်သက်ပြီး ဒုတိယ ဝန်ကြီးက “မီတာ အမျိုးအစား လေးမျိုးကို ကုမ္ပဏီ နှစ်ခုက တင်ဒါ အောင်မြင်သွားပါတယ်၊ Junction River Trading Co. နဲ့ Alpha Power Engineering Co. တို့ ဖြစ်ပါတယ်” ဟုလည်း ဖြေကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117