Connect with us

Science & Technology

အမေရိကန် ဒေါ်လာ ၄ . ၅ သန်း ရင်းနှီး မြှုပ်နှံထားသည့် Data Center ဖွင့်လှစ်

တရုတ်နိုင်ငံရှိ Data Center တစ်ခုအားတွေ့ရစဉ် (ဓာတ်ပုံ--အင်တာနက်)

ရန်ကုန်၊ နိုဝင်ဘာ ၊ ၂၄ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး ဒဂုံ(အရှေ့ပိုင်း)မြို့နယ်၌ Huawei ကုမ္ပဏီက အမေရိကန် ဒေါ်လာ ၄ . ၅ သန်း ရင်းနှီးမြှုပ်နှံကာ အဖွဲ့အစည်းနှင့် အသင်းအဖွဲ့ အသီးသီးရှိ အချက်အလက် များကို လက်ခံ သိမ်းဆည်းပေးထားပြီး လိုအပ်ပါက ပြန်လည် ဖြန့်ဖြူးပေးနိုင်သော Data Center ဖွင့်ပွဲကို ရန်ကုန်မြို့ရှိ MELIA ဟိုတယ်၌ ကျင်းပခဲ့သည်။

“Huawei ကုမ္ပဏီက လိုအပ်တဲ့စက် ပစ္စည်းတွေ အကူအညီ ပေးခဲ့တယ်။ အမေရိကန် ဒေါ်လာ ၄ . ၅ သန်း ရင်းနှီး မြှုပ်နှံထားပါတယ်။ အဖွဲ့အစည်း ဌာနဆိုင်ရာ အသီးသီးရဲ့ အချက် အလက်တွေကို သိမ်းဆည်းထားပြီး လိုအပ်ရင် ပြန်လည်ထုတ်ပေးတဲ့ Center ပါ” ဟု Golden Myanmar Business Exchange ၏ CEO Derek Hallmons ကပြောသည်။

အဆိုပါ DMBX မှ ဖိုက်ဘာလိုင်း အခမဲ့ ဝန်ဆောင်မှုကို ရန်ကင်း ကလေးဆေးရုံကြီး အပါအဝင် ရန်ကုန်တက္ကသိုလ် တို့ကို ဝန်ဆောင်မှု ပေးလျက်ရှိပြီး အဆိုပါ Data Centerကို ရန်ကုန်မြို့၌သာမက နေပြည်တော်နှင့် မန္တလေး တိုင်း ဒေသကြီးတို့၌ပါ ဖွင့်လှစ် သွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.