Connect with us

Science & Technology

၂ဝ၁၅-၂ဝ၁၆ ခုနှစ်ကုန်တွင် တယ်လီဖုန်း သိပ်သည်းဆကို ၇၅ ရာခိုင်နှုန်းမှ ၈ဝ ရာခိုင်နှုန်းအထိ ဖြစ်မည်ဟု လျာထား

ရန်ကုန်မြို့ ရှိ မိုဘိုင်းဖုန်း အသုံးပြုနေသူတစ်ဦး (ဆင်ဟွာ)

ရန်ကုန်၊ အောက်တိုဘာ ၃၀ ရက် (ဆင်ဟွာ)

၂ဝ၁၅ ခုနှစ် သြဂုတ်လကုန်အထိ မိုဘိုင်း တယ်လီဖုန်း ၃၃ . ၇၈၇ သန်း တိုးချဲ့တပ်ဆင်ပေးနိုင်ခဲ့ပြီး၊၂ဝ၁၅-၂ဝ၁၆ ခုနှစ်ကုန်တွင် တယ်လီဖုန်း သိပ်သည်းဆကို ၇၅ ရာခိုင်နှုန်းမှ ၈ဝ ရာခိုင်နှုန်းအထိ လည်း ကောင်း၊ အင်တာနက် ထိုးဖောက်မှုကို ၅ဝ ရာခိုင်နှုန်းအထိ လည်းကောင်း တိုးတက် ရောက်ရှိအောင် ရည်မှန်းချက် ထားရှိပြီး ဆောင်ရွက်လျက် ရှိကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ သတင်း ထုတ်ပြန်သည်။

၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာရေးနှစ်မှ စ၍ မိုဘိုင်း တယ်လီဖုန်း တိုးချဲ့ တပ်ဆင်ရေး လုပ်ငန်းများကို နှစ်စဉ် စီမံကိန်းများ ရေးဆွဲ၍ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။ အော်ရီဒူးနှင့် တယ်လီနော ကုမ္ပဏီ တို့အားနိုင်ငံတစ်ဝန်း ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်နိုင်သည့် ၁၅ နှစ် သက်တမ်း ရှိသောNationwide Telecommunication Service License ကို ၂ဝ၁၄ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်တွင် Ooredoo Myanmar Limited နှင့်Telenor Myanmar Limited သို့ လည်းကောင်း ၊၂ဝ၁၅ ခုနှစ် မတ် ၂၃ ရက်တွင် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းသို့ လည်းကောင်း ပေးအပ် ခဲ့သည်။

မိုဘိုင်း တယ်လီဖုန်း ၃၃ သန်းကျော် ၂ဝ၁ဝ-၂ဝ၁၁ ခုနှစ်တွင် မိုဘိုင်း တယ်လီဖုန်းလုံးရေ စုစုပေါင်း ၁ .၆၄ သန်းမျှသာ ရှိခဲ့ပြီး၊ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းနှင့် ပြည်ပ အော်ပရေတာများ ဖြစ်သည့် Ooredoo Myanmar Limited နှင့်Telenor Myanmar Limited တို့က ၂ဝ၁၅ ခုနှစ် သြဂုတ်လကုန် အထိ မိုဘိုင်း တယ်လီဖုန်း လုံးရေ ၃၃.၇၈၇ သန်းကို တိုးချဲ့ တပ်ဆင် ပေးနိုင်ခဲ့ သဖြင့် ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာရေးနှစ် တွင် တယ်လီ ဖုန်းသိပ်သည်းဆ ၂ .၇၇ ရာခိုင်နှုန်းသာ ရှိရာမှ ၂ဝ၁၅ ခုနှစ် သြဂုတ်လ အထိ ၆၅ .၃၅ ရာခိုင်နှုန်း (လူတစ်ရာလျှင် ၆၅ ဦး သုံးစွဲနိုင်သည်) အထိ ရှိလာခဲ့ကြောင်း သတင်း ထုတ်ပြန်သည်။

အင်တာနက် ဝန်ဆောင်မှုများကို ဖိုင်ဘာလိုင်း၊ MPT Satellite Terminal၊ E1 Line၊ ADSL Line၊ Mobile စသည်တို့ဖြင့် အင်တာနက် နှင့် ချိတ်ဆက် အသုံးပြုနိုင်ရန် ဖြည့်ဆည်းပေးခဲ့ရာ ၂ဝ၁ဝ-၂ဝ၁၁ခုနှစ် တွင် အင်တာနက် အသုံးပြုသူ ၃၈,၇၁၅ ဦးသာ ရှိခဲ့ရာမှ ၂ဝ၁၅ ခုနှစ် စက်တင်ဘာလတွင် စုစုပေါင်း ၂၇,၅၇၅,၄၂၈ (၂၇သန်းကျော်) အထိ တိုးတက် များပြားလာကြောင်း သိရသည်။ (Xinhua)