Connect with us

Science & Technology

မြန်နှုန်း 1300Gbps ရှိသော SMW -5 ရေအောက် ကေဘယ်လ် ဆက်ကြောင်း ၂၀၁၆ ခုနှစ်၊ နှစ်ကုန်ပိုင်းတွင် ချိတ်ဆက် ပြီးစီးမည်

အင်တာနက် အသုံးပြုနေသူတစ်ဦး (ဆင်ဟွာ)

ရန်ကုန်၊ နိုဝင်ဘာ ၅ ရက် (ဆင်ဟွာ)

အပြည်ပြည်ဆိုင်ရာသို့ ဖုန်းခေါ်ဆိုမှု နှင့် အင်တာနက် မြန်နှုန်းများ ပိုမို ကောင်းမွန်လာစေရန် မြန်နှုန်း 1300Gbps ရှိသော SMW -5 ရေအောက် ကေဘယ်လ် ဆက်ကြောင်း ၂၀၁၆ ခုနှစ်၊ နှစ်ကုန်ပိုင်းတွင် ချိတ်ဆက် ပြီးစီးမည် ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ သတင်း ထုတ်ပြန်သည်။

ရေအောက် ကေဘယ်လ် ဆက်ကြောင်းအား ချိတ်ဆက်လျက် ရှိရာ ၂၀၁၆ ခုနှစ် နှစ်ကုန်ပိုင်းတွင် ပြီးစီးမည် ဖြစ်ကြောင်း အဆိုပါ ဆက်ကြောင်း ချိတ်ဆက်ပြီးလျှင် မြန်မာနိုင်ငံ၏ အင်တာနက် မြန်နှုန်း ပိုမို တိုးတက် လာမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် အဝေး ဆက်သွယ်ရေး လုပ်ငန်းများ ဖြစ်သည့် မိုက်ခရိုဝေ့ဖ် စခန်းပေါင်း ၃၄၉ ခု အထိ တည်ဆောက် နိုင်ခဲ့သည့် အပြင် ဖိုက်ဘာ ကေဘယ်လ် ဆက်ကြောင်း ၂၉,၄၇၅ .၅၁ ကီလိုမီတာ အထိ တိုးခဲျ့နိုင် ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါ မြန်နှုန်း 1300 Gbps ရှိသော SMW -5 ရေအောက် ကေဘယ်လ် ဆက်ကြောင်း ချိတ်ဆက်ရာတွင် SMW-5 ဆက်ကြောင်း တစ်စုံတစ်ရာ ချို့ယွင်းမှု ဖြစ်ပေါ်ပါက တယ်လီဖုန်းနှင့် အင်တာနက် ဆက်သွယ်မှုများ မပြတ်တောက်စေရန် ဆက်ကြောင်း အဖြစ် AAE-1 (Asia Africa Europe -1) ပင်လယ် ရေအောက် ကေဘယ်လ်နှင့် ချိတ်ဆက်နိုင်ရေး အတွက်ကိုပါ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117