Connect with us

Science & Technology

ညောင်ရွှေမြို့ရှိ အထက် ဘီလူးချောင်း ရေအား လျှပ်စစ် စီမံကိန်း ၃၃ ရာခိုင်နှုန်းခန့် ပြီးစီး

ဘီလူးချောင်း အမှတ် (၃) ရေအား လျှပ်စစ် စက်ရုံ၏ ရေသွယ် ပိုက်လိုင်းအား မြင်တွေ့ရစဉ် (ဓာတ်ပုံ-MOI)

ရန်ကုန်၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ)

ညောင်ရွှေမြို့၏ အနောက်တောင်ဘက် (၁၄) မိုင် (၄) ဖာလုံ အကွာတွင် တည်ဆောက်နေသော အထက် ဘီလူးချောင်း ရေအားလျှပ်စစ် စီမံကိန်းသည် စီမံကိန်း တစ်ခုလုံး၏ ၃၃.၅ ရာခိုင်နှုန်းခန့် ပြီးစီးနေကြောင်း နိုင်ငံပိုင် မီဒီယာများတွင် ဖော်ပြခဲ့သည်။

အဆိုပါ စီမံကိန်းကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် အပြီး လျာထား ဆောင်ရွက်လျက်ရှိပြီး ယင်း ရေအား လျှပ်စစ် စီမံကိန်း ဆောင်ရွက်ခြင်းသည် အင်းလေးကန် အတွင်းသို့ သဲနုံး အနည် ဝင်ရောက်မှုကို ကာကွယ် တားဆီး ပေးနိုင်မည် ဖြစ်သည်။

ဘီလူးချောင်း အမှတ် (၁)၊ အမှတ် (၂) နှင့် အမှတ် (၃) ရေအား လျှပ်စစ် စီမံကိန်းဆိုင်ရာ အချက်အလက်များ၊ အထက် ဘီလူးချောင်းပေါ်ရှိ ရေအား လျှပ်စစ်စီမံကိန်း ဆောင်ရွက်နေမှု၊ ဘီလူးချောင်းမှ ရေသွယ်ယူမှု အခြေအနေ၊ မိုးဗြဲ ရေလှောင်ကန် ဆိုင်ရာ အချက်အလက်များနှင့် ရေဝင်ရောက်မှု အခြေအနေ၊ ဘီလူးချောင်း စက်ရုံ သုံးခုမှ ဓာတ်အား ထုတ်လုပ် နိုင်မှု အခြေအနေ၊ ဘီလူးချောင်း အမှတ် (၂) စက်ရုံ ပြုပြင် ပြီးစီးမှုနှင့် လာမည့် နွေရာသီတွင် လျှပ်စစ်ဓာတ်အား တိုးတက် ဖြန့်ဝေနိုင်မည့် အခြေအနေ၊ ဝန်ကြီးဌာနနှင့် အများပိုင် ကုမ္ပဏီများ ပူးပေါင်းပြီး ပွန်ချောင်းပေါ်၌ တည်ဆောက်မည့် ရေအား လျှပ်စစ် စီမံကိန်း (၅) ခု၏ အခြေအနေများကို နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် အဖွဲ့က လာရောက် လေ့လာ စစ်ဆေးခဲ့သည်။

၁၉၅၄ ခုနှစ်တွင် ဘီလူးချောင်း အမှတ် (၂) ဓာတ်အားပေး စက်ရုံ၏ ပထမအဆင့် စက် (၃) လုံးကို တည်ဆောက်ခဲ့ရာ ၁၉၆၀ ပြည့်နှစ်တွင် ပြီးစီး၍ (၈၄) မဂ္ဂါဝပ်အား စတင် ထုတ်လုပ် ဖြန့်ဖြူး ပေးနိုင်ခဲ့သည်။

ထပ်မံ၍ ဓာတ်အား ထုတ်လုပ်နိုင်ရေး အတွက် တစ်နှစ်ပတ်လုံး ပုံမှန် ရေသွယ်ယူ ရရှိနိုင်ရန် မိုးဗြဲ ရေလှောင်တမံကို ၁၉၆၇ ခုနှစ်မှ စတင် တည်ဆောက်ခဲ့ရာ ၁၉၇၀ ပြည့်နှစ်တွင် တည်ဆောက် ပြီးစီးခဲ့သည်။

မိုးဗြဲ ရေလှောင်ကန် တည်ဆောက် ပြီးနောက် ဘီလူးချောင်း အမှတ် (၂) စက်ရုံ၏ ဒုတိယ အဆင့် (၂၈) မဂ္ဂါဝပ် စက်သုံးလုံးကို ၁၉၇၀ ပြည့်နှစ်တွင် စတင် တည်ဆောက်ခဲ့ရာ ၁၉၇၄ ခုနှစ်တွင် တည်ဆောက် ပြီးစီးခဲ့သည်။

ဘီလူးချောင်း အမှတ် (၁) ဓာတ်အားပေး စက်ရုံ (၂၈) မဂ္ဂါဝပ်ကို ၁၉၈၇ ခုနှစ်တွင် စတင် တည်ဆောက်ခဲ့ရာ ၁၉၉၂ ခုနှစ်တွင် လည်းကောင်း၊ ဘီလူးချောင်း အမှတ်(၃) စက်ရုံကို ၂၀၀၈ ခုနှစ်တွင် စတင် တည်ဆောက် ခဲ့ရာ ၂၀၁၄ ခုနှစ်တွင် လည်းကောင်း တည်ဆောက် ပြီးစီးခဲ့သဖြင့် ဘီလူးချောင်း ဓာတ်အားပေး စက်ရုံ (၃)ခု၏ စုစုပေါင်း တပ်ဆင် စက်အင်အား မှာ (၂၄၈) မဂ္ဂါဝပ် ဖြစ်သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117