Connect with us

Social

ညောင်ချောင်းသာ ကမ်းခြေ၌ ဈေးဆိုင်ပေါင်း ၁ဝဝ ကျော် ဖွင့်လှစ်ရန် စီစဉ်

ညောင်ချောင်းသာအားတွေ့ရစဉ် (ဓာတ်ပုံ--မြဝတီ)

ရန်ကုန်၊ ဇန်နဝါရီ ၁ ရက် (ဆင်ဟွာ)
ဧရာဝတီတိုင်း ဒေသကြီး ညောင်တုန်းမြို့နယ်ရှိ ညောင်ချောင်းသာကမ်းခြေ၌ အပန်းဖြေရန် လာရောက်သူ များပြားသဖြင့် ယင်းနေရာများတွင် ဈေးဆိုင်ပေါင်း ၁ဝဝ ကျော် ဖွင့်လှစ်ရောင်းချနိုင်ရန် စီစဉ်ပေးသွားမည် ဖြစ်ကြောင်း ညောင်တုန်းမြို့နယ် စည်ပင်သာယာရေး အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ညောင်ချောင်းသာ ကမ်းခြေသို့ ရန်ကုန်တိုင်း ဒေသကြီးနှင့် တခြားသော မြို့များမှ နေ့ချင်းပြန် လာရောက် အပန်းဖြေလျက်ရှိပြီး ကမ်းခြေကို ယခင် ဖွင့်လှစ်ထားသည့် နေရာ၌ မဟုတ်ဘဲ ပေ ၂ဝဝဝ ကျော်ဝေးကွာသောနေရာ၌ ပြောင်းလဲ ဖွင့်လှစ်ထားသည်။

ယင်းကဲ့သို့ ပြောင်းလဲ ဖွင့်လှစ်ရခြင်းမှာ အပန်းဖြေသူများ၏ လုံခြုံရေးအရဖြစ်၍ မြစ်ရေလမ်းကြောင်း ပြောင်းလဲမှုနှင့် အသစ် ဖွင့်လှစ်သော နေရာသည် ရေကြည်လင်မှုရှိပြီး သဲသောင်ပြင် ကျယ်ဝန်းသောကြောင့် လာရောက် အပန်းဖြေသူ များပြားသလို ဈေးဆိုင်များလည်း ပိုမို ဖွင့်လှစ်ခွင့်ပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။ မော်တော်ယာဉ်ငယ်ဖြင့် လာရောက်သူများကို ကမ်းခြေနားအထိ ရပ်နားကာ အပန်းဖြေနိုင်ရန် စီစဉ် ဆောင်ရွက် ပေးသွားမည် ဖြစ်ပြီး အသစ်ဖွင့်လှစ်သော နေရာသည် ဒီရေ အတက်အကျကို စောင့်ဆိုင်းရန် မလိုသည့်အတွက် ယခင်နှစ်များထက် အချိန်စော၍ ဖွင့်လှစ်နိုင်မည် ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.