Connect with us

Social

တညင်းကုန်းသစ်သီးဝလံ၊ ဟင်းသီးဟင်းရွက် နှင့် ပန်းမန်အဆင့်မြင့်လက်ကားဈေးသစ်ကြီးတည်ဆောက်မည်

သီရိမင်္ဂလာဈေးကြီးတွင် လက်ကားရောင်းချနေသည့်နာနတ်သီးဆိုင်တစ်ခုအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇန်နဝါရီ ၁၇ ရက် (ဆင်ဟွာ)

တညင်းကုန်းသစ်သီးဝလံ၊ ဟင်းသီးဟင်းရွက် နှင့် ပန်းမန်အဆင့်မြင့်လက်ကားဈေးသစ်ကြီး အား Myanmar Agro Exchange Public Limited (MAEX) မှ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ နှင့် အကျိုးတူပူးပေါင်းတည်ဆောက်သွားမည်ဖြစ်ကြောင်း MAEX မှ တာဝန်ရှိသူ ဦးဇော်ဇော်က ဆင်ဟွာကိုပြောသည်။

အဆိုပါလက်ကားဈေးကြီးတွင် သစ်သီးဝလံလက်ကားဈေး၊ လက်ကားဈေးရုံကြီးများနှင့် ဗဟိုလမ်းမကြီးများ၊ အဆင့်မြင့်အရောင်းကုန်တိုက်ကြီးများ၊ စိုက်ပျိုးရောင်းချသူများအတွက် ဈေးပွဲရုံများ ပါဝင်မည်ဖြစ်သည်။

MAEX အနေဖြင့် အစုရှယ်ယာများလည်းရောင်းချသွားရန်ရှိပြီး အစုရှယ်ယာတစ်စုလျှင် ကျပ်၁၀,၅၀၀ ကျပ်နှုန်း ဖြင့် ရှယ်ယာပေါင်း ၅၀၀,၀၀၀ အား ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။ ရှယ်ယာများကို ဇန်နဝါရီလ ၁၆ ရက်နေ့မှ ဖေဖော်ဝါရီလ ၁၀ရက်နေ့အထိ ရောင်းချပေးသွားမည်ဖြစ်ကြောင်းသိရသည်။

ဦးဇော်ဇော်က “ရှယ်ယာဝယ်ယူမယ့်သူတွေအနေနဲ့ တစ်ဦးချင်းဆို မှတ်ပုံတင်၊ ကုမ္ပဏီအနေနဲ့ ဆိုရင် ကုမ္ပဏီမှတ်ပုံတင်လိုပါမယ်’’ ဟုပြောသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117