Connect with us

Social

ရန်ကုန်မြို့တွင်း စုပေါင်း ပြေးဆွဲသည့် ဘတ်စကား စနစ်သစ် ဒုတိယနေ့တွင် ခရီးသွားလာမှု ပိုမို အဆင်ပြေလာ


ရန်ကုန် ၊ ဇန်နဝါရီ ၁၇ ရက်(ဆင်ဟွာ)

ရန်ကုန်မြို့တွင်း စုပေါင်း ပြေးဆွဲသည့် ဘတ်စကား စနစ်သစ် ဒုတိယနေ့ဖြစ်သည့် ဇန်နဝါရီ ၁၇ ရက်တွင် အများပြည်သူ ခရီးသွားလာမှုမှာ ပထမနေ့ထက် ပိုမို အဆင်ပြေစွာ သွားလာနိုင်ကြကြောင်း ခရီးသွားပြည်သူများနှင့် စေတနာ့ ဝန်ထမ်းများ၏ ပြောဆိုချက်များ အရ သိရသည်။

“မနေ့ကတော့ ကားအစီးရေ နည်းနည်း နည်းတယ်။အဲတော့ အဆင်မပြေမှုတွေ ဖြစ်တယ်။ခုကားလိုင်းတွေလဲ ထပ်တိုးလိုက်တော့ ဒီနေ့တော့ တော်တော် အဆင်ပြေသွားပါပြီ။ခရီးသည်တွေလဲ သွားတတ်ပြီ။အခက်အခဲက မနေ့ကလောက် သိပ်မများတော့ဘူး။လူတွေကလဲ နည်းနည်း စီးတတ်သွားပြီ။”ဟု ဆူးလေ မြို့တော် ခန်းမရှေ့ တွင် စေတနာ ဝန်ထမ်း အဖြစ် ကူညီ ဆောင်ရွက်နေသူ မအိသဉ္စာငြိမ်းက ပြောသည်။

မြို့ပြ သယ်ယူပို့ဆောင်ရေး စနစ်သစ် အကောင်အထည်ဖော် ဆောင်ရွက်သည့် ဒုတိယနေ့တွင် ပထမနေ့ထက် ကားစီးရေ အရေအတွက် ပို၍ များပြား လာခဲ့သည် နှင့်အတူ အများပြည်သူ ခရီးသွားလာမှု အခက်အခဲ မရှိစေရေး အတွက် အခမဲ့ ပုဂ္ဂလိက ယာဉ်လိုင်းများလည်း ကူညီပို့ဆောင်ပေးမှုများ ပါဝင် ပြုလုပ်ခဲ့မှု များပြားလာခဲ့သည်။

ဘတ်စ်ကားလိုင်း စနစ်သစ် ဒုတိယနေ့တွင် မြို့တွင်း ပြေးဆွဲနေသည့် YBS ကားများနှင့် အခမဲ့ ယာဉ်များအား တွေ့ရစဉ်(ဆင်ဟွာ)

ဘတ်စ်ကားလိုင်း စနစ်သစ် ဒုတိယနေ့တွင် မြို့တွင်း ပြေးဆွဲနေသည့် YBS ကားများနှင့် အခမဲ့ ယာဉ်များအား တွေ့ရစဉ်(ဆင်ဟွာ)

ဘတ်စ်ကားလိုင်း စနစ်သစ် ဒုတိယနေ့တွင် မြို့တွင်း ပြေးဆွဲနေသည့် YBS ကားများနှင့် အခမဲ့ ယာဉ်များအား တွေ့ရစဉ်(ဆင်ဟွာ)

ဘတ်စ်ကားလိုင်း စနစ်သစ် ဒုတိယနေ့တွင် မြို့တွင်း ပြေးဆွဲနေသည့် YBS ကားများနှင့် အခမဲ့ ယာဉ်များအား တွေ့ရစဉ်(ဆင်ဟွာ)

“ဒီနေ့တော့ ကားတွေလဲ များတယ်။လူတွေလဲ အဆင်ပြေသွားတယ်။ဘာမှ ပြသနာ မရှိဘူး။မနေ့ကတော့ အရမ်း ဖြေရှင်းရတယ်။တင်ပြကြတာတော့ ကားခကို နှစ်ဆင့် အတွက် နှစ်ခါ ပေးရတဲ့ အတွက် ညည်းကြတယ်။အခမဲ့ ကူညီပို့ပေးတာတွေကြောင့်လည်း ပိုပြီး အဆင်ပြေလာတယ်လို့ထင်တယ်။”ဟု ကုန်ဈေးတန်း မှတ်တိုင်တွင် စေတနာ့ ဝန်ထမ်း အဖြစ် ဆောင်ရွက်နေသူ ဒေါ်ဌေးဌေးရီက ပြောသည်။

ယခု ပြောင်းလဲလိုက်သည့် စနစ်သစ်တွင် ယာဉ်ပြေးဆွဲချိန်အား နံနက် ၅ နာရီမှ ည ၉ နာရီ အထိ သတ်မှတ် ဆောင်ရွက်နေသော်လည်း နောက်ပိုင်းတွင် ညပိုင်း ပြေးဆွဲချိန်အား တိုးမြှင့်သွားရန် ပြောဆိုနေကြမှုများလည်း ရှိကြသည်။

“ဒီနေ့ကတော့ မနေ့ကထက်စာရင် တော်တော် ချောမွေ့သွားတယ်။ကားတွေက အဆက်မပြတ် လာတယ်။ အခမဲ့တွေလည်း ပါတယ်။အဲလို ပြေးဆွဲပေးနေတော့ ဒီနေ့တော့ လူတွေ ပုံမနေတော့ဘူး။အဲဒါကြောင့် ပိုအဆင်ပြေပါတယ်။ကားတွေလဲ နောက်ပိုင်းကြရင် ၁၂ နာရီလောက်ထိ လုပ်ပေးမယ် လို့ပြောကြပါတယ်။ မနေ့ကထက် စာရင် အခက်အခဲ တော်တော်များများ ကျော်နိုင်ပြီလို့ပြောလို့ရပြီ။မနေ့ကထက် ဖိအား နည်းနည်း ကျသွားတယ် ထင်တယ်။”ဟု စေတနာ့ ဝန်ထမ်း ဖြစ်သူ ကိုရှမ်းလေးက ပြောသည်။

“ဒီနေ့က ပိုအဆင်ပြေတယ်။မနေ့ကဆိုရင် ကားလိုင်း နံပါတ်မသိလို့မှားပြီးတောင် အိမ်ပြန် ရောက်သွားတယ်။ ဒီနေ့ကတော့ သိပ်ပြီး အခက်အခဲ မရှိတော့ဘူး။ဆော့ဝဲလ် လမ်းညွှန်ထည့်ထားပြီး ကြည့်ပြီး စီးလာတယ်။ လမ်းမှာလဲ စေတနာ့ ဝန်ထမ်းတွေလဲ အများကြီး ရှိတယ်။မနေ့ကလောက် အခက်အခဲ သိပ်မရှိဘူး။ဒါပေမယ့် ပုံမှန်တော့ မဖြစ်သေးဘူး။ခုဆို သိမ်ကြီးဈေးဘက် လာတာ ၅၇ လိုင်းကား မရှိလို့အခမဲ့ ကားစီးလာရတာ ဆိုတော့လေ ဂိတ်မှာတော့ လူတွေ အများကြီးပဲ။လမ်းကလဲ သိပ်ပြီးတော့ မပိတ်တော့ဘူး။”ဟု လှိုင်သာယာမြို့နယ်မှ ခရီးသွား ပြည်သူတစ်ဦးက ပြောသည်။

ယခု ပြောင်းလဲလိုက်သည့် ဘတ်စ်ကားလိုင်း စနစ်သစ်သည် ရေရှည်တွင် အားလုံး စည်းကမ်း စနစ်တကျ လိုက်နာမည် ဆိုပါက အားလုံး အဆင်ပြေသွားမည်ဟုလည်း ခရီးသွားပြည်သူတစ်ချို့က သုံးသပ် ပြောကြားကြသည်။

“မနေ့ကထက်စာရင် လူကြပ်တာတွေက ထက်ဝက်လောက် သက်သာသွားပြီ။မြို့ထဲ လမ်းကြောင်းကတော့ ခုထိ ကြပ်နေတုန်းပဲ။အခြေအနေက မနေ့ကထက် စာရင် ပိုပြီး အဆင်ပြေလာတယ်။ လိုင်းကားတွေ ကြောင့်တော့ လမ်းကြော မကျပ်တော့ဘူး။ကားတွေလဲ မနေ့ကထက် ပိုပြီး ပေါလာပါတယ်။ရေရှည်မှာတော့ အားလုံး အတွက် အဆင်ပြေမယ်လို့ထင်ပါတယ်။တစ်ချို့လဲ ညည်းကြတာ ရှိတယ်။ခုလို ပြောင်းလဲတဲ့ဟာကို ကြိုဆိုတယ်။ကြိုက်လဲကြိုက်တယ်။ခုဆို မှတ်တိုင်တွေမှာ အကြာကြီး မရပ်ဘူး။လိုချင်တဲ့ နေရာကို မြန်မြန်ဆန်ဆန် ရောက်တယ်။ကိုယ်သွားချင်တဲ့ နေရာကို စိတ်ချမ်းသာနဲ့ သွားရတယ်။ အဆင်ပြေတယ်။ ယာဉ်နောက်လိုက်တွေ ဆက်ဆံမှုလဲ ပြောင်းလာတယ်။”ဟု လှိုင်မြို့နယ်နေ ကိုထက်ဝေကိုက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး သယ်ယူ ပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင် အဖွဲ့(YRTA)မှ ဦးဆောင်ကာ မော်တော်ယာဉ်လိုင်းများအား စုပေါင်း ပြေးဆွဲသည့် စနစ်ဖြင့် ယာဉ်လိုင်း ၇၀ ဖြင့် ဇန်နဝါရီ ၁၆ ရက်မှ စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.