Connect with us

Social

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုးရက်အတွင်း တရားမဝင်သစ် ကျပ်သိန်းပေါင်း ၂၆၀၀၀ကျော် ဖမ်းဆီးရမိ

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖမ်းဆီးရမိသော သစ်များအား တွေ့ရစဉ်(ဓာတ်ပုံ-သစ်တောဦးစီးဌာန)

ရန်ကုန်၊ ဖေဖော်ဝါရီ ၃ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုးရက်အတွင်း တရားမဝင်သစ် တန်ဖိုး ကျပ်သိန်းပေါင်း ၂၆၀၀၀ကျော် ဖမ်းဆီးရမိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော သတင်းအရ သိရသည်။

အလုံမြို့ရှိ MIP ဆိပ်ကမ်းရှိ ကုန်သေတ္တာနှစ်လုံး အတွင်းမှ ကျွန်းသစ်ခွဲသား ၃၃ တန်ကျော်ကို ဇန်နဝါရီ ၂၄ ရက်က ဖမ်းဆီးရမိရာမှ သတင်းကွင်း ဆက်များအရ ဆက်လက် စုံစမ်းဖမ်းဆီးရာ တရားမဝင်သစ်ခွဲသား တန် ၈၈ဝ ကျော်၊ ကာလတန်ဖိုး ငွေကျပ်သိန်းပေါင်း ၂၆ဝဝဝ ကျော်ခန့်ကို သစ်တောဦးစီးဌာ နက သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဇန်နဝါရီ ၂၄ ရက်မှ ဖေဖော်ဝါရီ ၁ ရက်အထိ ကိုးရက်ကြာအတွင်း ကျွန်း ၃၅ တန်ကျော်၊ ပိတောက် ၈၁၈ တန် ကျော်၊ တမလန်း ၂၃ တန်( စိစစ်ဆဲ)နှင့် ကုက္ကို နှစ်တန် ကျော် စုစုပေါင်း တန်၈၈ဝ ကျော် ဖမ်းဆီးရမိပြီး အဆိုပါ သစ်များတင်ပို့မှုနှင့် ဆက်စပ်သော ကုမ္ပဏီမှ တာဝန်ရှိသူများ၊ ပွဲစား၊ ခြံရှင်၊ ဂိုဒေါင်မှူး၊ ဂိုဒေါင်ပိုင်ရှင်နှင့် ဂိုဒေါင် ငှားသူတို့ကို သစ်တောဥပဒေ ၄၃(က)၊၄၂(ခ) တို့အရ အရေးယူဆောင်ရွက်လျက်ရှိသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.