Connect with us

Social

ရန်ကုန်သြင်္ကန်ဖျော်ဖြေရေးနှင့် ရေကစားမဏ္ဍပ် ၁ဝဝ နီးပါးတည်ဆောက်ခွင့်ပြု

ရန်ကုန် သင်္ကြန်ရေကစား မဏ္ဍပ်တစ်ခုအားတွေ့ရစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန်၊ မတ် ၁၆ ရက် (ဆင်ဟွာ)

၂၀၁၈ ခုနှစ် ရန်ကုန်သြင်္ကန်တွင် ရန်ကုန်မြို့တော်အတွင်း အချက်အချာကျသည့် နေရာများအပါအဝင် ဖျော်ဖြေရေး သီးသန့်မဏ္ဍပ်များ၊ ဖျော်ဖြေရေးနှင့် ရေကစားမဏ္ဍပ် တွဲဖက်ထားသော မဏ္ဍပ်စုစုပေါင်း ၁ဝဝ နီးပါး ခွင့်ပြုမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ယခုနှစ်တွင် ဖျော်ဖြေရေးမဏ္ဍပ်၊ ဖျော်ဖြေရေးနှင့် ရေကစားမဏ္ဍပ် ခွင့်ပြုပေးသွားမည့်နေရာများမှာ ဝေဇယန္တာ လမ်းတစ်လျှောက်၊ ပါရမီလမ်းတစ်လျှောက်၊ မင်းဓမ္မလမ်း (ပါရမီလမ်းနှင့် ကျိုက်ဝိုင်း ဘုရားလမ်းကြား)၊ ပြည်လမ်း (ကျိုက်ဝိုင်းဘုရားလမ်းနှင့် ဗိုလ်ချုပ် လမ်းကြား)၊ တက္ကသိုလ် ရိပ်သာလမ်း(ပြည်လမ်းမှ အင်းလျားလမ်းကြားနှင့် ကမ္ဘာအေး စေတီလမ်းမှ ဆရာစံလမ်းကြား)၊ စက်မှု(၁)လမ်း (ကမ္ဘာအေးစေတီ လမ်းနှင့် ဆရာစံလမ်းကြား)၊ ဗိုလ်ချုပ် လမ်း(ပြည်လမ်းနှင့် ဗိုလ်တထောင်ဘုရားလမ်းကြား)၊ အနော်ရထာလမ်း(ဗိုလ်ချုပ်လမ်းနှင့် ဘုန်းကြီးလမ်းကြား)၊ မဟာဗန္ဓုလလမ်း(ဘုန်းကြီးလမ်းနှင့် ဗိုလ်တထောင် ဘုရား လမ်းကြား)၊ ကုန်သည်လမ်း (ဗိုလ်တထောင်ဘုရားလမ်းနှင့် ဆူးလေဘုရားလမ်းကြား)၊ ပုစွန်တောင်လမ်းမကြီး အထက်/အောက် (မဟာဗန္ဓုလလမ်းမှ ကြက်ဘဲ ဈေးကြား)၊ သံသုမာလမ်း (ကြက်ဘဲဈေးမှ ဝေဇယန္တာလမ်းကြား)၊ ကြည့်မြင်တိုင် ကမ်းနားလမ်း (ပြည်လမ်းနှင့် ကမ်းနားလမ်းကြား)တို့တွင် ဖျော်ဖြေရေးမဏ္ဍပ် ၃၅ ခုနှင့် ဖျော်ဖြေရေးနှင့် ရေကစားမဏ္ဍပ် တွဲဖက်ထားသော မဏ္ဍပ်ပေါင်း ၆ဝ တို့ဖြစ်ကြောင်း သိရသည်။

ရေကစားမဏ္ဍပ် လျှောက်ထားလိုသူများအနေဖြင့် သတ်မှတ်စည်းကမ်းချက် ၄၅ ချက်နှင့်အညီ မိသားစုမဏ္ဍပ်များ၊ ကုမ္ပဏီအလိုက် စုပေါင်းရေကစား မဏ္ဍပ် များ၊ ဆုပေးမဏ္ဍပ်များ၊ ဖျော်ဖြေရေးမဏ္ဍပ်များကို ရေရရှိနိုင်ရေး အခြေအနေပေါ် မူတည်၍လည်းကောင်း၊ ယာဉ်ကြောကျပ်တည်းမှု အခြေ အနေပေါ်မူတည်၍ လည်းကောင်း မဏ္ဍပ်အကြီးနှင့် အလတ်များကို စနစ် တကျခွင့်ပြုပေးသွား မည်ဖြစ်ကြောင်း သိရသည်။

ရေကစားမဏ္ဍပ် ဆောက်လုပ်ခွင့်ရရှိသူများအနေဖြင့် မဏ္ဍပ်အကြီး (အလျား ပေ ၁၂ဝ မှ ပေ ၁၅ဝ၊ အကျယ် ပေ ၄ဝ၊ အမြင့် ၈ + ၁၂ ပေ) အတွက် အာမခံ စပေါ်ငွေကျပ် ၂ဝ,ဝဝဝ,ဝဝဝ၊ မဏ္ဍပ်အလတ် (အလျား ပေ ၅ဝ မှ ပေ ၁၁ဝ၊ အကျယ် ပေ ၃ဝ၊ အမြင့် ၆+၁၂ ပေ) အတွက် အာမခံ စပေါ်ငွေကျပ် ၁ဝ,ဝဝဝ,ဝဝဝ၊ သန့်ရှင်းရေးဆောင်ရွက်ခ မဏ္ဍပ်အကြီး ငွေကျပ် ၁ဝဝဝဝဝ၊ မဏ္ဍပ် အလတ် ငွေကျပ် ၄ဝ,ဝဝဝ၊ မဏ္ဍပ်အသေး ငွေကျပ် ၂ဝ,ဝဝဝ၊ မြေ အသုံးပြုခ အနေဖြင့် မဏ္ဍပ်အကြီး ငွေကျပ် ၇ဝ,ဝဝဝ၊ မဏ္ဍပ်အလတ် ငွေကျပ် ၅ဝ,ဝဝဝ၊ ကော်မတီပိုင်ရေပိုက်လိုင်းမှ ရေဆက်သွယ်အသုံးပြုခ တစ်လက်မပိုက် ငွေကျပ် ၂ဝဝ,ဝဝဝ၊ တစ်လက်မခွဲပိုက် ငွေကျပ် ၃ဝဝ,ဝဝဝ၊ နှစ်လက်မပိုက် ငွေကျပ် ၄၃ဝ,ဝဝဝ၊ အင်းလျားကန်မှ ရေဆက်သွယ် အသုံးပြုခ သုံးလက်မပိုက် ငွေကျပ် ၄ဝဝ,ဝဝဝ၊ လေးလက်မပိုက် ငွေကျပ် ၆၅ဝ,ဝဝဝ၊ ခြောက်လက်မပိုက် ငွေကျပ် ၁,ဝဝဝ,ဝဝဝ ပေးသွင်း ရမည်ဖြစ်ကြောင်း သိရသည်။

မဏ္ဍပ်များ လျှောက်ထားလိုသူများအနေဖြင့် ရေကစားမဏ္ဍပ် အမျိုးအစား အလိုက်ခွဲခြား၍ သတ်မှတ်လျှောက်လွှာပုံစံများဖြင့် သက်ဆိုင်ရာ ခရိုင်/ မြို့နယ်/ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့၏ စိစစ်ထောက်ခံချက် များနှင့်အတူ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီ ယာဌာန (လမ်းနှင့် တံတား)သို့ လျှောက်ထား၍ မဏ္ဍပ်နေရာချထားရေးနှင့် ကြံ့ခိုင်မှုဆောင်ရွက် ရမည်ဖြစ်သည်။

သတ်မှတ်စည်းကမ်းချက်များနှင့်အညီ စိစစ်ခွင့်ပြုနိုင်ရေး အတွက် မတ် ၂၅ ရက် နောက်ဆုံးထားကာ လျှောက်ထား ရမည်ဖြစ်ပြီး လျှောက်လွှာ များကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား)တွင် အခမဲ့ရယူနိုင်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီမှ သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.