Connect with us

Social

မန္တလေးကျုံး အဆင့်မြှင့်တင်ခြင်းကို ဆောင်ရွက်လျက်ရှိ

မန္တလေးကျုံး အဆင့်မြှင့်တင်ခြင်းဆောင်ရွက်နေမှုအားတွေ့ရစဉ် (ဓာတ်ပုံ--ကြေးမုံ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ)

မန္တလေးမြို့ရှိ ကျုံးတောင်ဘက်နှင့် အနောက်ဘက်တွင် ယခင်ကာရံထားသည့် အကာအရံများကို စတီးလက်ရန်းများဖြင့် အစားထိုးလဲလှယ်ကာရံခြင်းနှင့် လျှောက်လမ်းများ အဆင့်မြှင့်တင်ပြုပြင်ခြင်း လုပ်ငန်းများကို ဖေဖော်ဝါရီ ၁၃ ရက်မှစ၍ လုပ်ဆောင်နေပြီး လာမည့်မတ်လအတွင်းအပြီး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကျုံးတောင်ဘက်နှင့် အနောက်ဘက် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများဆောင်ရွက်ရန်အတွက် ငွေကျပ်သိန်း ၄ဝဝဝ သုံးစွဲသွားမည်ဖြစ်ပြီး စတီးလက်ရန်းလဲလှယ်ကာရံခြင်းလုပ်ငန်းကို အဆောက်အအုံနှင့် ကုန်လှောင်ရုံဌာနမှ တာဝန်ယူဆောင်ရွက်ပြီး လျှောက်လမ်းများပြုပြင်ခြင်းလုပ်ငန်းကို လမ်း၊ တံတားဌာနမှ တာဝန်ယူဆောင်ရွက်နေကြောင်း သိရသည်။

ကျုံးရေပြင်ကို ကာရံမည့်အကာအရံ ဒီဇိုင်းကို အဆောက်အအုံနှင့် ကုန်လှောင်ရုံ ဌာနမှ ရေးဆွဲခြင်း ဖြစ်ပြီး အရောင်မှိန်စတီး များကို တရုတ်နိုင်ငံမှ မှာယူထားကြောင်းနှင့် လျှောက်လမ်းများကို အနည်းဆုံးငါးနှစ်ခန့် အထိ မပျက်စီးနိုင်သည့် ကွန်ကရစ်တုံးများဖြင့် အဆင့်မြှင့်တင်သွားမည်ဖြစ်ကာ ကျုံးပတ်လည်အဆင့်မြှင့်တင်ခြင်း လုပ်ငန်း ပြီးစီးပါက ပေ ၂ဝ အကျယ်အဝန်းရှိ ညီညာ သောကွန်ကရစ်လျှောက်လမ်းဖြစ်ပေါ်လာမည်ဖြစ်ကြောင်း ကြေးမုံသတင်းတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.