Connect with us

Social

ပထမဆုံး အကြိမ် ပန်းခင်းပွဲတော်အား ရန်ကုန်မြို့မြေပဒေသာ ဥယျာဉ်၌ ကျင်းပ


ရန်ကုန် ၊ ဇန်နဝါရီ ၇ ရက်(ဆင်ဟွာ)

ပန်းခင်းပွဲတော်(၂၀၁၇)အား ပထမဆုံး အကြိမ် အဖြစ် ရန်ကုန်မြို့ဗဟန်းမြို့နယ် မြေပဒေသာ ဥယျာဉ်၌ ယနေ့ဇန်နဝါရီ ၇ ရက်မှ စတင်၍ ၁၃ ရက်နေ့အထိ ၇ ရက်ကြာ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

“ပွဲတော်မှာ ပန်းအမျိုးအစား ၂၈ မျိုး ၊ အပင်ပေါင်း ၂၅၀၀၀ ကျော် ပြသထားပါတယ်။အဓိကတော့ ရာသီပန်းတွေ ၊ အခင်းလိုက် စိုက်ပျိုးတာတွေ ၊ အိုးနဲ့စိုက်ပျိုးတာတွေ ၊ နေကြာပန်းတွေ ပြသထားပါတယ်။ ပန်းနဲ့ပတ်သတ်ရင် ဒါက ပထမဆုံး အကြိမ်ပါ။ အရင်ကတော့ ပျိုးခင်း ဈေးပွဲတော် ၊ သစ်သီးဝလံ ပွဲတော်တွေ ဒီမှာ လုပ်ကြပါတယ်။”ဟု စိုက်ပျိုးရေး ဦးစီးဌာနမှ ဦးစီး အရာရှိ ဦးမိုးကျော်အောင်က ဆင်ဟွာသို့ပြောသည်။

ပထမဆုံး အကြိမ် ပန်းခင်းပွဲတော် ကျင်းပမှု မြင်ကွင်းများ(ဆင်ဟွာ)

ပထမဆုံး အကြိမ် ပန်းခင်းပွဲတော် ကျင်းပမှု မြင်ကွင်းများ(ဆင်ဟွာ)

ပန်းခင်းပွဲတော်တွင် ရာသီပန်း အမျိုးအစားများ ၊ ဟင်းခတ် အမွှေးအကြိုင်များ ၊ ဟင်းသီးဟင်းရွက် မျိုးသစ်များ နှင့် အခြား စိတ်ဝင်စားစရာ သီးနှံမျိုးစုံတို့ကို စိုက်ပျိုး ပြသထားကြောင်း သိရသည်။

အများပြည်သူများ ပန်းမန် အလှစိုက်ပျိုးခြင်းကို လက်တွေ့လေ့လာ နိုင်စေရန် ၊ စိုက်ပျိုး နည်းပညာများ ဖြန့်ေ၀ ပေးနိုင်ရန် ၊ ဒေသနှင့် ကိုက်ညီသော ပန်းမန် မျိုးသစ်များ အရည်အသွေးကောင်းမျိုးများကို ပြောင်းလဲ စိုက်ပျိုး ထုတ်လုပ်နိုင်စေရန် ၊ အိမ်ခြံဝင်းအတွင်း ပန်းမန် အလှပင်များ တစ်နိုင်တစ်ပိုင် စိုက်ပျိုးခြင်းဖြင့် မိသားစု အပို ဝင်ငွေ နှင့် စိတ်အပန်းဖြေမှု ရရှိစေရန် တို့ကို ရည်ရွယ်၍ ပန်းခင်းပွဲတော်အား ကျင်းပကြောင်း သိရသည်။

ပန်းခင်းပွဲတော်(၂၀၁၇)အား စိုက်ပျိုးရေး ၊ မွေးမြူရေး နှင့် ဆည်မြောင်း ဝန်ကြီးဌာန ၊ စိုက်ပျိုးရေး ဦးစီးဌာန နှင့် AGA Agro Co,Ltd တို့ပူးပေါင်း ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.