Connect with us

Social

ညောင်ချောင်းသာ အပန်းဖြေစခန်း ဖွင့်ပွဲကို ဖေဖော်ဝါရီ ၂၈ ရက်တွင် ပြုလုပ်မည်

ညောင်ချောင်းသာ အပန်းဖြေစခန်းအား တွေ့ရစဉ် (ဓာတ်ပုံ-မြဝတီ)

ရန်ကုန်၊ဖေဖော်ဝါရီ ၂၅ ရက် (ဆင်ဟွာ)

ဧရာဝတီတိုင်း ဒေသကြီး ညောင်တုန်းမြို့နယ်ရှိ ညောင်ချောင်းသာ အပန်းဖြေစခန်း ဖွင့်ပွဲကို ဖေဖော်ဝါရီ ၂၈ ရက်တွင် ပြုလုပ်မည် ဖြစ်ကြောင်း ညောင်ချောင်းသာ အပန်းဖြေစခန်း ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီမှ သိရသည်။

အဆိုပါဖွင့်ပွဲကို ညောင်ချောင်းသာ သောင်ပြင်၌ ကျင်းပမည် ဖြစ်ပြီး အပန်းဖြေ ကမ်းခြေဖွင့်ပွဲ နှင့်အတူ မီးဘေး ရန်ပုံငွေ ဂီတဖျော်ဖြေပွဲ ကိုလည်း နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

ညောင်ချောင်းသာ အပန်းဖြေစခန်း ကို ၂ဝ၁၃ ခုနှစ်အတွင်းက စတင်ဖွင့်လှစ် ခဲ့ခြင်းဖြစ်ပြီး လာရောက် အပန်းဖြေသူ တစ်နှစ်ထက် တစ်နှစ် ပိုမိုများပြား လာခဲ့ကြောင်း၊ ယခုနှစ်တွင် ယခင်နှစ်များနှင့် မတူဘဲ နိုင်ငံခြား ခရီးသွားဧည့်သည် အများအပြား လာရောက်ရန် စီစဉ်ထားကြောင်း၊ ယခင်နှစ် များကလည်း အဆိုပါ အပန်းဖြေ စခန်းသို့ အာရှတိုက်မှ နိုင်ငံခြား ခရီးသွား ဧည့်သည်တချို့ လာရောက် လည်ပတ် ခဲ့ကြောင်း မြဝတီသတင်းတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.