Connect with us

Social

မန္တလေးတိုင်းဒေသကြီးအတွင်း လက်ရှိ တာဝန်ထမ်းဆောင်ဆဲ လုပ်သက် (၂၅) နှင့် အထက် ဝန်ထမ်းများ အတွက် တိုက်ခန်းဝယ်ယူခွင့် လျှောက်လွှာများ ရောင်းချမည်

လမ်း ၃၀ နှင့် ၇၈ လမ်းထောင့်ရှိ မန္တလေးမြို့အားမြင်တွေ့ရစဉ် (ဓာတ်ပုံ--အင်တာနက်)

ရန်ကုန်၊ဖေဖော်ဝါရီ ၂၅ ရက် (ဆင်ဟွာ)

မန္တလေးတိုင်းဒေသကြီးအတွင်း လက်ရှိတာဝန်ထမ်းဆောင်ဆဲ လုပ်သက် (၂၅) နှစ်နှင့် အထက် ဝန်ထမ်းများအတွက်တိုက်ခန်းဝယ်ယူခွင့်လျှောက်လွှာများရောင်းချမည်ဟု မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ မှ သတင်းထုတ်ပြန်သည်။

မန္တလေးတိုင်းဒေသကြီးအတွင်း လက်ရှိတာဝန်ထမ်းဆောင်ဆဲ ဖြစ်ပြီး ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၂၉ ရက်နေ့ တွင် ဝန်ထမ်းလုပ်သက် (၂၅) နှစ် နှင့် အထက် ဝန်ထမ်းများအား ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက် အကွက်အမှတ် (မမ-၁၆) နှင့် (မမ-၂၇) တို့တွင် အိုးအိမ်ဦးစီးဌာနမှ ဆောက်လုပ်သည့် တိုက်ခန်းများအား ဝယ်ယူခွင့် လျှောက်လွှာများကို တစ်စောင်လျှင် ငွေကျပ် ၅၀၀ိ/- ( ငါးရာကျပ်တိတိ) ဖြင့် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ ရုံးဝင်းအတွင်းရှိ ဓမ္မာရုံ၌ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှ ၂၀၁၆ ခုနှစ် မတ်လ ၄ ရက်နေ့ထိ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.