Connect with us

Social

ယုဇနအိမ်ရာ စီမံကိန်းမှ တိုက်ခန်းများကို မတ်လကုန်၌ ရောင်းချမည်

မြန်မာနိုင်ငံရှိ အိမ်ရာ စီမံကိန်း တစ်ခုအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ)

ဒဂုံ (ဆိပ်ကမ်း) မြို့နယ်ရှိ ယုဇနဥယျာဉ် မြို့တော်အတွင်း မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာနမှ တည်ဆောက်နေသည့် ယုဇနအိမ်ရာ စီမံကိန်း တိုက်ခန်းများကို မတ်လကုန်မှ စ၍ အများပြည်သူထံ ရောင်းချမည်ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာနမှ သိရသည်။

အဆိုပါအိမ်ရာကို အပိုင်း (၁) နှင့် အပိုင်း (၂) ခွဲကာ ဆောက်လုပ်နေခြင်း ဖြစ်ပြီး အပိုင်း (၁) အိမ်ရာ စီမံကိန်းကို ၂ဝ၁၄ ခုနှစ် သြဂုတ်လက စတင ်ဆောက်လုပ်ခဲ့ခြင်း ဖြစ်ကာ အပိုင်း (၂) စီမံကိန်းကို ၂ဝ၁၅ ခုနှစ် စက်တင်ဘာလတွင် စတင် ဆောက်လုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အပိုင်း (၁) တိုက်ခန်းများမှာ ၂၂ ပေ (၄၄ဝ စတုရန်းပေ) ပတ်လည် အခန်းများဖြစ်ပြီး ရေချိုးခန်းနှင့် အိမ်သာများပါ တစ်ပါတည်း ပါရှိသည့် အခန်းများဖြစ်ကာ ခြောက်ခန်းတွဲ လေးထပ် အဆောက်အအုံ ၁၂ လုံး၊ ရှစ်ခန်းတွဲ လေးထပ် အဆောက်အအုံ ၁၈ လုံး စုစုပေါင်း တိုက်အလုံးရေ ၃ဝ တွင် အခန်းပေါင်း ၈၆၄ ခန်း၊ တည်ဆောက်ဆဲဖြစ်သည့် အပိုင်း (၂) တိုက်ခန်းများတွင် ၄၄ဝ စတုရန်းပေ ကျယ်ဝန်းသည့် ရေချိုးခန်းနှင့် အိမ်သာတွဲလျက်ပါဝင်သည့် အခန်းများကို တည်ဆောက်နေဆဲဖြစ်ပြီး ခြောက်ခန်းတွဲ လေးထပ်အဆောက်အအုံ ၁၂ လုံး ၊ ရှစ်ခန်းတွဲ လေးထပ် အဆောက်အအုံ ၂၈ လုံး စုစုပေါင်း တိုက်အလုံးရေ ၄ဝ မှ အခန်းပေါင်း ၁၁၅၂ ခန်းရှိသည်။

ယုဇနဥယျာဉ်မြို့တော်ဝင်း အတွင်းရှိ ပဲခူးမြစ်လမ်းနှင့် ယုဇနအိမ်ရာအကြား မြေကွက်လပ်နှင့် စစ်တောင်းအိမ်ရာ အနောက် ဘက်ရှိ မြေကွက်လပ် နှစ်ခုပေါ်တွင် အိမ်ရာ စီမံကိန်းများကို တည်ဆောက်နေခြင်း ဖြစ်ပြီး မကြာမီ ယုဇနအိမ်ရာ စီမံကိန်းအပိုင်း (၃) ကို ဆက်လက် ဆောင်ရွက်ရန် ပြင်ဆင်လျက် ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.