Connect with us

Social

ထိုင်းနိုင်ငံသို့ ကျပ်တစ်သိန်းခွဲဖြင့်တရားဝင်သွားရောက်အလုပ်လုပ်နိုင်မည်

သတင်းစာရှင်းလင်းပွဲမြင်ကွင်းအားတွေ့ရစဉ် (ဓာတ်ပုံ-- M.O.I)

ရန်ကုန်၊ သြဂုတ် ၂၁ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံသို့ ကျပ်တစ်သိန်းခွဲဝန်းကျင်ဖြင့် တရားဝင်ရွှေ့ပြောင်းအလုပ်လုပ်ကိုင်နိုင်တော့မည်ဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ရှိသူက မီဒီယာများ နှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရွှေ့ပြောင်း အလုပ်သမား အခွင့်အရေးကွန်ရက် (Migrant Worker Rights Network-MWRN) နှင့် ထိုင်းနိုင်ငံရှိ အသားအအေးခန်းစက်ရုံ ကုမ္ပဏီအုပ်စုကြီးတစ်ခု ဖြစ်သည့်Thai Union Group PCL တို့ ပူးပေါင်းစီစဉ်မှုဖြင့် ရန်ကုန်တိုင်း ဒေသကြီး ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် အလုပ်သမားသင်တန်းကျောင်း၌ ထိုင်းနိုင်ငံသို့MoU စနစ်ဖြင့် အလုပ်သမားစေလွှတ်ရေး လုပ်ငန်းစဉ်တွင် အခမဲ့ဝန်ဆောင်မှုဖြစ်ပေါ်စေရေး ဦးတည်ဆောင်ရွက်နေမှု အခြေအနေနှင့် စပ်လျဉ်းသည့် သတင်းစာရှင်းလင်းပွဲတစ်ရပ်ပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ ရွှေ့ပြောင်းအလုပ် သမားများအဖြစ် သွားရောက်အလုပ်လုပ်ကိုင်လိုသူများ ယခင်က အထွေထွေ ကုန်ကျစရိတ် ကျပ်ငွေ ငါးသိန်းခန့်ကုန်ကျရာမှ ယခုအခါ နှစ်နိုင်ငံအစိုးရ၏ ပူးပေါင်းဆောင်ရွက်မှု၊ ထိုင်း-မြန်မာ လုပ်ငန်းရှင်အချင်းချင်း ပူးပေါင်းဆောင်ရွက်မှု တို့ဖြင့် မြန်မာကျပ်ငွေ တစ်သိန်းခွဲခန့်သာ ကုန်ကျစရိတ်ရှိကာ သွားရောက် အလုပ်လုပ်ကိုင် နိုင်တော့မည် ဖြစ်ကြောင်း သိရသည်။
MoU စနစ်သည် မြန်မာ နှင့် ထိုင်းနှစ်ဖက်အစိုးရ၊ နှစ်ဖက် လုပ်ငန်း ရှင် အချင်းချင်း ပူးပေါင်းဆောင်ရွက်သည့် တရားဝင်အလုပ်သမားစေလွှတ်ရေး အစီ အစဉ်ဖြစ်ကြောင်း၊ ယင်းအစီအစဉ်အရ မြန်မာဘက်ခြမ်းတွင် အလုပ်သမား အေဂျင်စီသို့ ပေးသွင်းရသည့် ငွေကျပ် ၆၅၅ဝဝ နှင့် ထိုင်းဘက်ခြမ်းတွင် ဘတ်ငွေ ၂၉၁ဝ (မြန်မာငွေကျပ်တစ်သိန်းနီးပါး)သာ ကုန်ကျတော့မည်ဖြစ်သည်။
ယခင်က အလုပ်သမားအေဂျင်စီ သို့ ပေးသွင်းရသည့် ဝန်ဆောင်ခမှာ ငွေကျပ်တစ်သိန်းခွဲ ဝန်ကြီးဌာနက သတ်မှတ်ထားသော်လည်း အမှန်တကယ် ငွေကျပ်နှစ်သိန်းမှ သုံးသိန်းကုန်ကျနေပြီး ထိုင်းဘက်ခြမ်းတွင်လည်း ဘတ်ငွေ တစ်သောင်း(မြန်မာငွေကျပ် သုံးသိန်း)ခန့် ကုန်ကျနေသဖြင့် ငွေကျပ် ငါးသိန်းခန့် ကုန်ကျမှုရှိနေကြောင်း သိရ သည်။Thai Union ကုမ္ပဏီအုပ်စုသည် ထိုင်းနိုင်ငံတွင် အအေးခန်းစက်ရုံ ကိုးခု ရှိပြီး အလုပ်သမား ၄ဝဝဝဝ ကျော် အလုပ် လုပ်ကိုင်နေပြီး ယနေ့အခမ်းအနား တွင် ယင်းကုမ္ပဏီမှ မြန်မာအလုပ်သမား ၂၅၂ ဦးအား ခေါ်ယူရန် တရားဝင်စာချုပ် ချုပ်ဆိုခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.