Connect with us

Social

မယ်စကြဝဠာ(မြန်မာ) ပြိုင်ပွဲဝင် နောက်ဆုံး ဆန်ခါတင် အလှမယ် ၃ ဦး ရွေးချယ်ပွဲ အောက်တိုဘာလတွင် ကျင်းပမည်

မယ်စကြဝဠာမြန်မာ ပြိုင်ပွဲဝင် ဆန်ခါတင် အလှမယ် ၂၆ ဦးအား တွေ့ရစဉ်(ဓာတ်ပုံ- Miss Universe Myanmar)

ရန်ကုန် ၊ သြဂုတ် ၂၀ ရက်(ဆင်ဟွာ)

မယ်စကြဝဠာ(မြန်မာ) ၂၀၁၇ ပြိုင်ပွဲဝင် နောက်ဆုံး ဆန်ခါတင် အလှမယ် ၃ ဦး ရွေးချယ်ပွဲကို အောက်တိုဘာ ၆ ရက်တွင် ရန်ကုန်မြို့ရှိ နိုဗိုတယ်ဟိုတယ်၌ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း Miss Universe Myanmar အဖွဲ့အစည်းမှ သိရသည်။

ထိုနေ့တွင် အလှမယ်များထဲမှ Miss Universe Myanmar သရဖူ ရရှိသူသည် ၂ဝ၁၇ ခုနှစ် အတွက် နိုင်ငံတကာ အလှမယ်များ နှင့် ယှဉ်ပြိုင်ရန် (၆၆) ကြိမ်မြောက် Miss Universe ပြိုင်ပွဲကြီးသို့ဝင်ရောက်ခွင့်ရမည် ဖြစ်ပြီး 1st RunnerUp သရဖူ ရရှိသူသည် ၂ဝ၁၇ ခုနှစ် အတွက် Miss Grand International ပြိုင်ပွဲသို့ သွားရောက် ယှဉ်ပြိုင်ရန် အခွင့်အလမ်း ရရှိမည် ဖြစ်ကြောင်း ၊ ပရိသတ်အများဆုံး ကြိုက်နှစ်သက်သည့် Miss popular ဆုအတွက်လည်း စက်တင်ဘာလမှ စတင်ကာ မဲပေး ရွေးချယ်ရေး (voting) စနစ်ဖြင့် ရွေးချယ်သွားမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် မယ်စကြဝဠာ(မြန်မာ) ပြိုင်ပွဲအတွက် မြန်မာနိုင်ငံ၏ မြို့ကြီး ၁၉ မြို့မှ ရွေးချယ်ခဲ့သည့် အလှမယ် ၁၉ ဦး နှင့် ရန်ကုန်မြို့တွင် လူတွေ့ စစ်ဆေး ရွေးချယ်ခဲ့သည့် ဆန်ခါတင် အလှမယ် ၇ ဦး စုစုပေါင်း ၂၆ ဦးအား ရွေးချယ်ထားကြောင်း သိရသည်။

နိုင်ငံတကာ မယ်စကြဝဠာပြိုင်ပွဲ သို့ မြန်မာနိုင်ငံ Miss Universe Myanmar အဖွဲ့အစည်းမှ ၂ဝ၁၃ ခုနှစ်မှ စတင်ကာ နှစ်စဉ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။(Xinhua)