Connect with us

Social

နယ်စပ်ဒေသ ဝင်ပေါက်သစ်များ ဖွင့်လှစ်နိုင်ရေး အာဆီယံနှင့်ဒေသတွင်း အဖွဲ့အစည်းများ ပူးပေါင်း ညှိနှိုင်း ဆောင်ရွက်သွားမည်

တာချီလိတ်နယ်စပ် ဝင်ပေါက်မှ တဆင့် လာရောက် လည်ပတ်ကြသည့် ကမ္ဘာလှည့် ခရီးသွားများအား တွေ့ရစဉ် (ဓာတ်ပုံ- ဟိုတယ်နှင့်ခရီး)

ရန်ကုန် ၊ မေ ၂၅ ရက်(ဆင်ဟွာ)

ခရီးသည်များ အဆင်ပြေ လွယ်ကူချောမွေ့စွာ ဝင်ထွက် သွားလာနိုင်ရန် နယ်စပ်ဒေသ ဝင်ပေါက်သစ်များ ဖွင့်လှစ်နိုင်ရေး အာဆီယံနှင့် ဒေသတွင်း အဖွဲ့အစည်းများနှင့် ပါဝင်ပူးပေါင်းပြီး ရက် ၁၀၀ စီမံချက် အတွင်း ညှိနှိုင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ သိရသည်။

အလားအလာရှိသည့် ခရီးစဉ်ဒေသ အသစ်များကို လာမည့် ခရီးသွားရာသီ ဖြစ်သည့် အောက်တိုဘာလ မှ ဖေဖော်ဝါရီလတွင် ဈေးကွက် တိုးချဲ့နိုင်ရေး ညှိနှိုင်းဆောင်ရွက်မှုများကို ရက် ၁ဝဝ အတွင်း ကြိုတင် အကောင် အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ ဟိုတယ်နှင့် ခရီး သွားလာရေး ဥပဒေသစ် ပေါ်ထွက်လာရေး ဆောင်ရွက်သွားမည် ဖြစ်ပြီး ပြည်ပ ဧည့်သည်များ ပိုမို တိုးတက်ရောက်ရှိ လာစေရန် ဆောင်ရွက်ကာ ဈေးကွက် ရှာဖွေခြင်း၊ ခရီးစဉ် ဒေသသစ်များ ဖော်ထုတ်ခြင်း၊ အပြည်ပြည်ဆိုင်ရာ ခရီးသွားပြပွဲများတွင် ပါဝင်ပြသ နိုင်ရေး စီစဉ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ရပ်ရွာ အခြေပြုခရီးသွား လုပ်ငန်းတွင် ကနဦး စီမံကိန်းခြောက်ခုကို ကချင်ပြည်နယ် ၊ ကယားပြည်နယ် ၊ ကရင်ပြည်နယ် ၊ ရှမ်းပြည်နယ် ၊ မကွေးတိုင်းဒေသကြီး နှင့် မန္တလေးတိုင်းဒေသကြီး တို့ရှိ ဒေသများတွင် ရက် ၁၀၀ အတွင်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ထို့အတူ ဧည့်လမ်းညွှန် အခြေခံသင်တန်းများ၏ သင်ရိုးညွှန်းတမ်းကို အာဆီယံအပြန်အလှန် အသိအမှတ် ပြုရေး စံနှုန်းများနှင့်အညီ ဖြစ်စေရန် ပြင်ဆင်ရေးဆွဲ ညှိနှိုင်း ဆောင်ရွက်သွားမည် ဖြစ်ပြီး ညောင်ဦးမြို့တွင် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဆိုင်ရာ သင်တန်းကျောင်း တည်ဆောက်နိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ရက်ပေါင်း ၁ဝဝ အတွင်း ခရီးသွား လုပ်ငန်း များ စနစ်တကျဖွံ့ဖြိုး တိုးတက်စေရန် ရပ်ရွာ အခြေပြု ခရီးသွား လုပ်ငန်း (Community Based Tourism-CBT)ဖွံ့ဖြိုးရေး၊ လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေး၊ လက်ရှိ ခရီးစဉ် ဒေသများ ဖွံ့ဖြိုး တိုးတက်ရေးနှင့် ခရီးစဉ် ဒေသအသစ်များ ဖော်ထုတ်မြှင့်တင်သွားရေး စသည့် လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.