Connect with us

Social

နိုင်ငံခြားသားများ အဆင်ပြေ ချောမွေ့စွာ ဗီဇာ လျှောက်ထားနိုင်ရေး ပြည်ဝင် ဗီဇာ အမျိုးအစား အလိုက် စည်းကမ်း သတ်မှတ်ချက်များ ပြင်ဆင် သတ်မှတ်

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဝင်ရောက်လာသည့် နိုင်ငံခြား ခရီးသွားများအား တွေ့ ရစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ ဒီဇင်ဘာ ၂ ရက်(ဆင်ဟွာ)

နိုင်ငံခြားသားများ အဆင်ပြေ ချောမွေ့စွာ ဗီဇာ လျှောက်ထားနိုင်ရေး အတွက် ပြည်ဝင် ဗီဇာ အမျိုးအစား အလိုက် စည်းကမ်း သတ်မှတ်ချက်များအား ဒီဇင်ဘာလ ၁ ရက်မှ စတင်၍ ပြင်ဆင် သတ်မှတ်ကာ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း အလုပ်သမား ၊ လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။

ထိုသို့ ပြည်ဝင် ဗီဇာ အမျိုးအစား အလိုက် စည်းကမ်း သတ်မှတ်ချက်များအား ပြင်ဆင် သတ်မှတ်ခြင်း အပေါ် “အခုက ဗီဇာကြေး နည်းနည်း တိုးသွားတယ်။ ဗီဇာကတော့ ၁၂ မျိုးပဲ။အရင်တုန်းကတော့ ဆက်လက် နေထိုင်ချင်လို့ရှိရင် ပြည်ပကို ပြန်ထွက် ၊ ပြန်လျှောက်ပေါ့။အခုဆိုရင် ဆက်ပြီးနေချင်ရင်တော့ နေခွင့် သက်တမ်းကို လုပ်ထုံးလုပ်နည်းနဲ့အညီ လျှောက်ထားလို့ရပါတယ်။အဲလိုတွေ ဖြေလျှော့ လိုက်ပါတယ်။”ဟု အလုပ်သမား ၊ လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ တာဝန် ရှိသူ တစ်ဦးက ပြောသည်။

ပြင်ဆင် သတ်မှတ် လိုက်သည့် စည်းကမ်း သတ်မှတ်ချက်များအား တွေ့ရစဉ်(ဓာတ်ပုံ-MOI)

မြန်မာနိုင်ငံတွင် လက်ရှိ ခွင့်ပြု ပေးလျက် ရှိသော ပြည်ဝင် ဗီဇာ စနစ်သစ် ၁၂ မျိုး ဖြစ်သည့် သံတမန်/ သံအဖွဲ့ဝင် ဗီဇာ ၊ ကမ္ဘာလှည့် ဗီဇာ ၊ လုပ်ငန်းဗီဇာ(တစ်ကြိမ်သုံး) နှင့် (အကြိမ်ကြိမ်) ၊ လူမှုရေး ဗီဇာ (တစ်ကြိမ်သုံး) နှင့် (အကြိမ်ကြိမ်) ၊ သာသနာရေး ဗီဇာ (တစ်ကြိမ်သုံး) နှင့် (အကြိမ်ကြိမ်) ၊ ဖြတ်သန်း ဗီဇာ ၊ နိုင်ငံတကာ အဖွဲ့အစည်းများ ဗီဇာ(တစ်ကြိမ်သုံး) နှင့် (အကြိမ်ကြိမ်) ၊ အလုပ်သမား ဗီဇာ ၊ ပညာရေး ဗီဇာ (တစ်ကြိမ်သုံး) နှင့် (အကြိမ်ကြိမ်) ၊ စာနယ်ဇင်း/မီဒီယာ ဗီဇာ ၊ ယာဉ်အမှုထမ်း ဗီဇာ (တစ်ကြိမ်သုံး) နှင့် (အကြိမ်ကြိမ်) ၊ အလုပ်ရုံ/ဆွေးနွေးပွဲ/အစည်းအဝေး/သုတေသန ဗီဇာ တို့အား ဗီဇာကြေး နှင့် နေခွင့် ကာလ ၊ ဗီဇာ စည်းကမ်း သတ်မှတ်ချက်များအား ပြင်ဆင် သတ်မှတ်ကာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.