Connect with us

Social

သမ္မတပညာတော်သင်ဆုရ ၁၁၇ ဦးတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံက ၃၃ ဦးကို တာဝန်ယူ

ပြည်သူ့လွှတ်တော်အစည်းအဝေးကျင်နေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဒီဇင်ဘာ ၂ ရက် (ဆင်ဟွာ)

နိုင်ငံတော် သမ္မတ၏ ပညာတော်သင်ဆုရထူးချွန်ကျောင်သား ၁၁၇ ဦးအနက် ၃၃ ဦးတို့ကိုတရုတ်ပြည်သူ့ သမ္မတ နိုင်ငံက တာဝန်ယူထောက်ပံ့ခဲ့ သည်ဟုပညာ ရေးဝန်ကြီးဌာနဒုတိယ ဝန်ကြီး ဦးဝင်းမော်ထွန်းက ယနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောခဲ့သည်။

“နိုင်ငံတော် သမ္မတ၏ ပညာတော်သင်ဆုကို ၂၀၁၅ – ၂၀၁၆ ပညာသင်နှစ်မှ စတင် ဆောင်ရွက်ခဲ့ရာမှာ ဗြိတိန်နိုင်ငံသို့ ၂၉ ဦး၊ အမေရိကန်နိုင်ငံသို့ငါးဦး၊ သြစတြေးလျနိုင်ငံသို့ ၄၆ ဦး၊ ဂျာမနီနိုင်ငံသို့နှစ်ဦး၊ ထိုင်းနိုင်ငံသို့ နှစ်ဦး နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ၃၃ ဦး၊ စုစုပေါင်း ၁၁၇ ဦးရွေးချယ် စေလွှတ်ခဲ့ပါတယ်၊ အဆိုပါ ၁၁၇ ဦးအနက် ၈၄ ဦးကို နိုင်ငံတော် သမ္မတ၏ ပညာတော်သင်ဆုအဖြစ်လည်းကောင်း၊ ၃၃ ဦးကိုတရုတ်ပြည်သူ့ သမ္မတ နိုင်ငံ၏ ပညာတော်သင် ဆုအဖြစ်လည်းကောင်းသတ်မှတ်၍ ပညာသင်စရိတ်များထောက်ပံ့ပေးခဲ့ပါတယ်” ဟုစမ်းချောင်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘိုဘိုဦး၏ နိုင်ငံတော် သမ္မတ၏ ပညာတော်သင်ဆုများဆိုင်ရာမေးခွန်းများအား ပြန်လည် ဖြေကြားရာတွင် ဝန်ကြီးကပြောခဲ့ခြင်း ဖြစ်သည်။

၂၀၁၅ -၂၀၁၆ ပညာသင်နှစ်အတွင်းပညာတော်သင် သွားရောက်သူ ၈၄ ဦးရှိသည့်အနက် ကျောင်းသူ နှစ်ဦး၏ ပညာသင်ကာလမှာတစ်နှစ် ဖြစ်ပြီး ၂၀၁၅ -၁၆ ပညာသင်နှစ်တွင်ပင် ဆေးပညာမဟာဘွြ့ ပြီးဆုံးမည် ဖြစ်ကြောင်း၊ ထို့ကြောင့် ပညာသင် စရိတ် ဆက်လက် ထောက်ပံ့ရန် ၈၂ ဦးကျန်ရှိကြောင်း၊ ကျန် ကျောင်းသူကျောင်းသားများသည် သက်ဆိုင်ရာ နိုင်ငံအသီးသီးရှိတက္ကသိုလ်များတွင် ပညာသင်ယူနေဆဲဖြစ်၍ ထိုတက္ကသိုလ် များတွင် စာမေးပွဲများဖြေဆိုအောင်မြင်ပါကစိစစ်၍ ပညာတော်သင်ဆုများဆက်လက် ပံ့ပိုးပေးသွားမည် ဖြစ်ကြောင်းလည်းဒုတိယ ဝန်ကြီးကပြောသည်။

ထို့အပြင် ၂၀၁၆ -၂၀၁၇ ပညာသင်နှစ်အတွက် ပြည်ပတက္ကသိုလ် အသီးသီးမှ Offer Letter ရရှိပြီးသူများနှင့် ပတ်သက်ပြီးဒုတိယ ဝန်ကြီးက “သူတို့အထဲကမဟာသင်တန်းအတွက် ၄၃ ဦးနဲ့ပါရဂူသင်တန်းအတွက် ၂၂ ဦး၊ ပေါင်း ၆၅ ဦးတို့ကိုပညာတော်သင်ဆုဆက်လက် ချီးမြှင့်စေလွှတ်နိုင်ရေးအတွက်လည်းစီစဉ်နေပါတယ်၊ နောက်ပြီးတက္ကသိုလ် အသီးသီးမှာရှိတဲ့ ဆရာဆရာမတွေ အရည်အသွေး မြင့်မားရေးအတွက် နိုင်ငံတော် ပညာတော်သင် ဆုချီးမြင့်နိုင်ရေးကိုလည်း ကြိုတင် ပြင်ဆင် ဆောင်ရွက်နေပါတယ်” ဟု ဦးဝင်းမော်ထွန်းက ဖြည့်စွက် ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.