Connect with us

Social

ပြည်တွင်း အလုပ် နေရာ ၁၉၀၀၀ ကျော်အား နိုဝင်ဘာလ အတွင်း ခန့်ထားနိုင်ခဲ့

လုပ်သား ကျွမ်းကျင်မှု ပြိုင်ပွဲတွင် သရုပ်ပြနေမှု တစ်ခုအား တွေ့ ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဒီဇင်ဘာ ၁၉ ရက်(ဆင်ဟွာ)

ပြည်ထောင်စု နယ်မြေ ၊ တိုင်းဒေသကြီး နှင့် ပြည်နယ် အလိုက် နိုဝင်ဘာလ အတွင်း ပြည်တွင်း အလုပ်အကိုင် ရရှိမှုမှာ ၁၉၂၀၄ နေရာအား ခန့်ထားနိုင်ခဲ့ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာနမှ သိရသည်။

ယခုနှစ်အတွင်း ပြည်တွင်းအလုပ်အကိုင်ရရှိရေးကို ဦးစားပေးဆောင်ရွက်နေပြီး သင့်တော် ကောင်းမွန်သည့် အလုပ်အကိုင်များ ရရှိစေရေးနှင့် အလုပ်ရှင်များအတွက်လည်း အလုပ်သမား လုံလောက်စွာ ခန့်အပ်ထားရှိရန် အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံးများတွင် Labour Exchange Management System စနစ်ဖြင့် အွန်လိုင်းမှ တဆင့် ဆောင်ရွက်ပေးခြင်း တို့အား လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

ထို့အတူ ပြည်ပ အလုပ်အကိုင် ရရှိမှုမှာ နိုဝင်ဘာလအတွင်း ပြည်ပ နိုင်ငံ ၇ နိုင်ငံသို့၁၄၈၀၃ ဦးအား စေလွှတ်နိုင်ခဲ့ကြောင်း သိရသည်။

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး နှင့် အလုပ်လုပ်ကိုင်နိုင်သူ တစ်ဦးချင်းဝင်ငွေ တိုးပွားစေရေး အတွက် ရည်ရွယ်၍ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေရေး အတွက် ပြည်ပသို့ တရားဝင်စေ လွှတ်ခြင်း နှင့် ပြည်တွင်း အလုပ်အကိုင်များ ရှာဖွေပေးခြင်းတို့အား အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မှ ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.