Connect with us

Social

ပြည်ပနိုင်ငံများသို့ မြန်မာလုပ်သားများစေလွှတ်ရာတွင် သတ်မှတ်နှုန်းထားတက် ပိုမိုကောက်ခံပါကတိကျစွာတိုင်ကြားရန်လိုအပ်

ပြည်ပတွင် အလုပ်လုပ်နေသည့် အလုပ်သမားများအားတွေ့ရစဉ် (ဓာတ်ပုံ-- မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်)

ရန်ကုန်၊ သြဂုတ် ၁၅ ရက် (ဆင်ဟွာ)

ပြည်ပနိုင်ငံများသို့ မြန်မာလုပ်သားများစေလွှတ်ရာတွင် သတ်မှတ်နှုန်းထားတက် ပိုမိုကောက်ခံပါက အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနသို့ တိတိကျကျတိုင်ကြားရန်လိုအပ်ကြောင်း မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် မှ သတင်းထုတ်ပြန်သည်။

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန သို့ ဝန်ကြီးဌာန အနေဖြင့် အေဂျင်စီများအား နိုင်ငံအလိုက်လုပ်သားပို့ဆောင်သည့် နေရာတွင် သတ်မှတ်ဝန်ဆောင်ခများ အတိုင်း ကောက်ခံဖို့ညွှန်ကြားထားကြောင်း၊ သတ်မှတ်နှုန်းထားထက် ပိုမိုကောက်ခံခြင်းရှိပါက အချက်အလက်တိတိကျကျ စုံစုံလင်လင်နှင့် တိုင်ကြားနိုင်ကြောင်း သိရသည်။
ပြည်ပနိုင်ငံများသို့ မြန်မာအလုပ်သမားများ စေလွှတ်ရာတွင် အေဂျင်စီများမှ နိုင်ငံအလိုက် ကောက်ခံသည့်နှုန်းထားများ (သို့မဟုတ်) လုပ်သားများက ပေးဆောင်ရမည့် ကုန်ကျစရိတ်များမှာ ဂျပန်နိုင်ငံသို့ အလုပ်သမားတစ်ဦး ပို့ဆောင်မှု အတွက် ကုန်ကျစရိတ် US $ 2800 ၊စင်္ကာပူနိုင်ငံသို့ အလုပ်သမားတစ်ဦး ပို့ဆောင်မှု အတွက် ကုန်ကျစရိတ် S$ 1,880 (High Levy) နှင့် S$ 2,300 (Low Levy)၊ (S$4,400)(S Pass)၊မလေးရှားနိုင်ငံသို့ အလုပ်သမား တစ်ဦး ပို့ဆောင်မှု အတွက် ကုန်ကျစရိတ် US$ 850 နှင့် မြန်မာငွေ ၂၅,၅၀၀ ကျပ်၊ထိုင်းနိုင်ငံသို့ အလုပ်သမားတစ်ဦး ပို့ဆောင်မှု အတွက် ကုန်ကျစရိတ် ဘတ် ၁၀,၀၀၀ နှင့် မြန်မာငွေ ၁၅၀,၀၀၀ ကျပ် တို့ အသီးသီး ကုန်ကျနိုင်မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.